Skip to main content

ကိတ္တာ မကိတ္တာက အဝတ္အားေပၚလည္းမူတည္တယ္ဆိုတဲ့ ေမပန္းခ်ီ

လက္ရွိအခ်ိန္မွာေတာ့ ပရိသတ္အားေပးမႈအေတာ္ေလးရရွိထားတဲ့ အကိတ္စားသရုပ္ေဆာင္ ေမာ္ဒယ္ ေမပန္းခ်ီကိုေတာ့ ေျပာခ်င္လြန္းလို႕ပရိသတ္ၾကီးလည္း သိၾကမယ္ထင္ပါတယ္။ သူ႕ရဲ့အမိုက္စား ခႏၶာကိုယ္ေၾကာင့္ နာမည္ၾကီးလာတဲ့ သရုုပ္ေဆာင္ ေမာ္ဒယ္ျဖစ္ျပီး ေယာက်္ားေလးေတာ္ေတာ္မ်ားမ်ားရဲ့ ဝန္းရံျခင္းကိုလည္းခံေနရတဲ့ အႏုပညာရွင္လည္း ျဖစ္ပါတယ္။ လက္ရွိမွာလည္း သူ႕ရဲ့လတ္တေလာ အႏုပညာလုပ္ရွားမႈနဲ႔ ပတ္သက္ျပီး ေျပာၾကားခဲ့ကာ ကိတ္တဲ့သူေတြအတြက္လည္း စကားလက္ေဆာင္ေျပာၾကားခဲ့ပါေသးတယ္။

ေမပန္းခ်ီကေတာ့ MC နဲ႔အင္တာဗ်ဴးတြင္ Facebook ေပၚမွာ ပုိ႔စ္ေတြတင္ျဖစ္တာနဲ႔ပတ္သက္ျပီး “ကိတ္တာမကိတ္တာကေပါ့ေလ။ အဝတ္စားနဲ႔လည္းဆိုင္ပါတယ္။ အဝတ္စားေပၚမူတည္ျပီး ခႏၶာကိုယ္ေကာက္ေက်ာင္းက ေျပာင္းခ်င္လည္း ေျပာင္းသြားမွာပါ။ ညီမတင္ထားတဲ့ ပုိ႔စ္အတုိင္းပါပဲ။ ဂ်င္းေဘာင္းဘီဆိုရင္ အမာျဖစ္တဲ့အတြက္ တင္ကေကာက္ခ်င္မွလည္း ေကာက္မွာေလ။ တခ်ိဳ႔က်ေတာ့လည္း ပံုေတြထဲမွာ ကိတ္ေနျပီး အျပင္မွာ မကိတ္တာေၾကာင့္ တခါတေလ အေျပာခံရတတ္တာေပါ့။ အဲ့ဒါေတြက သိပ္ေတာ့ဂရုစိုက္ရမယ့္ အရာေတြေတာ့ မဟုတ္ပါဘူး။

တခ်ိဳ႔ဆိုရင္ ေဘာ္ဒီအရမ္းလွတဲ့ မင္းသမီးေလးေတြ ရွိပါတယ္။ ဒါေပမဲ့လည္း သူတို႔ကို မလွတဲ့ ရႈေထာင့္ကေနရိုက္လိုက္ရင္ေတာ့ ဖင္ကျပားတာေတြ ရွိပါတယ္။ ေနတတ္ထိုင္တတ္ဖို႔လည္းလိုပါတယ္။ ကိတ္တဲ့လူေတြအတြက္ ေျပာေပးတာပါ။ တခ်ိဳ႔ေတြရွိတယ္။ ေဘာ္ဒီကအရမ္းလွတယ္ ဒါေပမဲ့လည္း ဓါတ္ပံုေတြရိုက္လိုက္ရင္ တင္ကျပားေနတာေတြ ရွိတတ္ပါတယ္။ အဲ့လိုမ်ိဳးေပါ့။ အဲ့ဒါေၾကာင့္တခါတေလမွာ ေဝဖန္တဲ့သူေတြ မ်ားလာတာေၾကာင့္ Facebook ေပၚမွာ ဒီလိုပုိစ့္တင္ေပးျဖစ္တာပါ”

ဆက္လက္ျပီး ေမပန္းခ်ီက Facebook ေပၚဓါတ္ပံုေလးေတြ တင္ေပးျဖစ္တာနဲ႔ ပတ္သက္ျပီး “FB ကေတာ့ ပန္းခ်ီတို႔ တေန႔တာနဲ႔ ပတ္သက္ျပီး အမွတ္တရေလးေတြကို တင္တာေပါ့ေနာ္။ ပန္းခ်ီက ဓါတ္ပံုရုိက္ရင္ ေဘးတုိက္ေလးေတြ ရိုက္ျဖစ္တာ မ်ားပါတယ္။ တခ်ိဳ႔က်ေတာ့လည္း ပို႔စ္က ဒီပို႔စ္ဘဲလား။ မဟုတ္ပါဘူး လူတိုင္းကေတာ့ ကိုယ္လွတဲ့ ရႈေထာင့္ကေနရုိက္ၾကတာပါပဲ။ မလွတဲ့ ဓါတ္ပံုေတြကို ဘယ္သူမွ မတင္ခ်င္ၾကပါဘူး။ ပန္းခ်ီလည္းတူတူပါပဲ။ ကိုယ္လွတဲ့ ရႈေထာင့္ကေနတင္ျဖစ္တာေပါ့။ ဒါကိုေဝဖန္သူေတြလည္း ရွိပါတယ္။ အားေပးတဲ့သူလည္း ရွိပါတယ္။ ဒါေပမဲ့လည္း ဒါေတြကိုလိုက္ျပီးေတာ့ မခံစားေနေတာ့ပါဘူး။ သည္းခံတာမ်ားပါတယ္။ ၾကာလာေတာ့လည္း ကိုယ့္ဘာကိုယ္ သနားလာတယ္။ ေနာက္ပိုင္းဆို Comment ေတြမွာ သြားသြားရွင္းတာေပါ့ေနာ္။ မရေတာ့ဘူးေနာက္ပိုင္းေတာ့ ပန္းခ်ီကိုရန္ေတြ႔ရင္ ျပန္ေတြ႔တာပဲ။ တိုက္ခိုက္လာတယ္ဆိုရင္ေတာ့ ပန္းခ်ီကေျပာလိုက္တာပဲ။ ခ်ိန္းပြဲေတြ ဘာေတြလုပ္လိုက္တာပဲ”

ၾကိဳက္တတ္တဲ့ ဖက္ရွင္နဲ႔ ပတ္သက္ျပီး ေမပန္းခ်ီက “ပန္ခ်ီက ဂ်င္းေဘာင္းဘီ ဂ်င္းအက်ၤီေတြ ဝတ္တယ္။ Country ရႈပ္ေလးေတြ ဝတ္တယ္။ Free စတိုင္လ္ေလးေတြ ၾကိဳက္တယ္။ လြတ္လြတ္လပ္လပ္ေနရတာ ၾကိဳက္တယ္။ ျပီးေတာ့ Fit ျဖစ္တဲ့ဟာေလးေတြလည္း ဝတ္ျဖစ္ပါတယ္။ ျပီးေတာ့ ပန္းခ်ီက ပြဲေတြဘာေတြလည္း သိပ္ျပီးေတာ့ မတတ္ျဖစ္ဘူးေလ။ ဒါေၾကာင့္ပန္းခ်ီကေတာ့ မင္းသမီးေတြထဲမွာ ဖက္ရွင္ပိုင္းနဲ႔ ပတ္သက္ရင္ အားအနည္းဆံုးလို႔ ထင္ပါတယ္။ အရင္ကတည္းက မိန္းကေလးတေယာက္က ဂ်င္းေဘာင္းဘီနဲ႔ အက်ီၤအၾကားေလးေတြ ဝတ္ထားရင္ သေဘာက်ပါတယ္။ မသ်ွီတို႔ မေကာ္တို႔ မမဒီတို႔ ဝတ္တာေတြ ဆိုအရမ္းၾကိဳက္တယ္။ ပန္းခ်ီကို တခါတေလက်ရင္ အသက္ ၃၀ ေက်ာ္လုိ႔ထင္ၾကတယ္။ ပန္းခ်ီကလည္း အဲ့လိုလူၾကီးပံုစံကို ၾကိဳက္တာပါ။ ပန္းခ်ီကိုယ္လံုးနဲ႔ကလည္း ဂါဝန္ေတြဇာေတြနဲ႔ မလိုက္ဘူးေလ။ ဒါေၾကာင့္ စမတ္က်က်နဲ႔ ဂ်င္းထည္ေလးေတြကိုဘဲ ပိုျပီးေတာ့ၾကိဳက္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။
Credit: nanmalgyi

Unicode
လက်ရှိအချိန်မှာတော့ ပရိသတ်အားပေးမှုအတော်လေးရရှိထားတဲ့ အကိတ်စားသရုပ်ဆောင် မော်ဒယ် မေပန်းချီကိုတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း သိကြမယ်ထင်ပါတယ်။ သူ့ရဲ့အမိုက်စား ခန္ဓာကိုယ်ကြောင့် နာမည်ကြီးလာတဲ့ သရုပ်ဆောင် မော်ဒယ်ဖြစ်ပြီး ယောကျ်ားလေးတော်တော်များများရဲ့ ဝန်းရံခြင်းကိုလည်းခံနေရတဲ့ အနုပညာရှင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့လတ်တလော အနုပညာလုပ်ရှားမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ကာ ကိတ်တဲ့သူတွေအတွက်လည်း စကားလက်ဆောင်ပြောကြားခဲ့ပါသေးတယ်။

မေပန်းချီကတော့ MC နဲ့အင်တာဗျူးတွင် Facebook ပေါ်မှာ ပို့စ်တွေတင်ဖြစ်တာနဲ့ပတ်သက်ပြီး “ကိတ်တာမကိတ်တာကပေါ့လေ။ အဝတ်စားနဲ့လည်းဆိုင်ပါတယ်။ အဝတ်စားပေါ်မူတည်ပြီး ခန္ဓာကိုယ်ကောက်ကျောင်းက ပြောင်းချင်လည်း ပြောင်းသွားမှာပါ။ ညီမတင်ထားတဲ့ ပို့စ်အတိုင်းပါပဲ။ ဂျင်းဘောင်းဘီဆိုရင် အမာဖြစ်တဲ့အတွက် တင်ကကောက်ချင်မှလည်း ကောက်မှာလေ။ တချို့ကျတော့လည်း ပုံတွေထဲမှာ ကိတ်နေပြီး အပြင်မှာ မကိတ်တာကြောင့် တခါတလေ အပြောခံရတတ်တာပေါ့။ အဲ့ဒါတွေက သိပ်တော့ဂရုစိုက်ရမယ့် အရာတွေတော့ မဟုတ်ပါဘူး။

တချို့ဆိုရင် ဘော်ဒီအရမ်းလှတဲ့ မင်းသမီးလေးတွေ ရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ကို မလှတဲ့ ရှုထောင့်ကနေရိုက်လိုက်ရင်တော့ ဖင်ကပြားတာတွေ ရှိပါတယ်။ နေတတ်ထိုင်တတ်ဖို့လည်းလိုပါတယ်။ ကိတ်တဲ့လူတွေအတွက် ပြောပေးတာပါ။ တချို့တွေရှိတယ်။ ဘော်ဒီကအရမ်းလှတယ် ဒါပေမဲ့လည်း ဓါတ်ပုံတွေရိုက်လိုက်ရင် တင်ကပြားနေတာတွေ ရှိတတ်ပါတယ်။ အဲ့လိုမျိုးပေါ့။ အဲ့ဒါကြောင့်တခါတလေမှာ ဝေဖန်တဲ့သူတွေ များလာတာကြောင့် Facebook ပေါ်မှာ ဒီလိုပိုစ့်တင်ပေးဖြစ်တာပါ”

ဆက်လက်ပြီး မေပန်းချီက Facebook ပေါ်ဓါတ်ပုံလေးတွေ တင်ပေးဖြစ်တာနဲ့ ပတ်သက်ပြီး “FB ကတော့ ပန်းချီတို့ တနေ့တာနဲ့ ပတ်သက်ပြီး အမှတ်တရလေးတွေကို တင်တာပေါ့နော်။ ပန်းချီက ဓါတ်ပုံရိုက်ရင် ဘေးတိုက်လေးတွေ ရိုက်ဖြစ်တာ များပါတယ်။ တချို့ကျတော့လည်း ပို့စ်က ဒီပို့စ်ဘဲလား။ မဟုတ်ပါဘူး လူတိုင်းကတော့ ကိုယ်လှတဲ့ ရှုထောင့်ကနေရိုက်ကြတာပါပဲ။ မလှတဲ့ ဓါတ်ပုံတွေကို ဘယ်သူမှ မတင်ချင်ကြပါဘူး။ ပန်းချီလည်းတူတူပါပဲ။ ကိုယ်လှတဲ့ ရှုထောင့်ကနေတင်ဖြစ်တာပေါ့။ ဒါကိုဝေဖန်သူတွေလည်း ရှိပါတယ်။ အားပေးတဲ့သူလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဒါတွေကိုလိုက်ပြီးတော့ မခံစားနေတော့ပါဘူး။ သည်းခံတာများပါတယ်။ ကြာလာတော့လည်း ကိုယ့်ဘာကိုယ် သနားလာတယ်။ နောက်ပိုင်းဆို Comment တွေမှာ သွားသွားရှင်းတာပေါ့နော်။ မရတော့ဘူးနောက်ပိုင်းတော့ ပန်းချီကိုရန်တွေ့ရင် ပြန်တွေ့တာပဲ။ တိုက်ခိုက်လာတယ်ဆိုရင်တော့ ပန်းချီကပြောလိုက်တာပဲ။ ချိန်းပွဲတွေ ဘာတွေလုပ်လိုက်တာပဲ”

ကြိုက်တတ်တဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး မေပန်းချီက “ပန်ချီက ဂျင်းဘောင်းဘီ ဂျင်းအကျၤီတွေ ဝတ်တယ်။ Country ရှုပ်လေးတွေ ဝတ်တယ်။ Free စတိုင်လ်လေးတွေ ကြိုက်တယ်။ လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တယ်။ ပြီးတော့ Fit ဖြစ်တဲ့ဟာလေးတွေလည်း ဝတ်ဖြစ်ပါတယ်။ ပြီးတော့ ပန်းချီက ပွဲတွေဘာတွေလည်း သိပ်ပြီးတော့ မတတ်ဖြစ်ဘူးလေ။ ဒါကြောင့်ပန်းချီကတော့ မင်းသမီးတွေထဲမှာ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ရင် အားအနည်းဆုံးလို့ ထင်ပါတယ်။ အရင်ကတည်းက မိန်းကလေးတယောက်က ဂျင်းဘောင်းဘီနဲ့ အကျီၤအကြားလေးတွေ ဝတ်ထားရင် သဘောကျပါတယ်။ မသျှီတို့ မကော်တို့ မမဒီတို့ ဝတ်တာတွေ ဆိုအရမ်းကြိုက်တယ်။ ပန်းချီကို တခါတလေကျရင် အသက် ၃၀ ကျော်လို့ထင်ကြတယ်။ ပန်းချီကလည်း အဲ့လိုလူကြီးပုံစံကို ကြိုက်တာပါ။ ပန်းချီကိုယ်လုံးနဲ့ကလည်း ဂါဝန်တွေဇာတွေနဲ့ မလိုက်ဘူးလေ။ ဒါကြောင့် စမတ်ကျကျနဲ့ ဂျင်းထည်လေးတွေကိုဘဲ ပိုပြီးတော့ကြိုက်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။
Credit: nanmalgyi

Updates

Theme Editor by Seo v6