Skip to main content

အရက္ကိုက်န္းမာေရးနဲ႔ညီၫြတ္ေအာင္ေသာက္သံုးနည္း

အရက္ေသာက္သံုးျခင္းဟာ ယေန႔ေခတ္ အခ်ိန္အခါမွာ က်ား၊မ,မေရြး လူအေတာ္မ်ားမ်ား ျပဳလုပ္ေနၾကတဲ့ ပံုမွန္အရာတစ္ခုပါ။ အေမရိကန္ႏိုင္ငံမွာဆိုရင္ သုေတသန စစ္တမ္းေတြအရ အမ်ိဳးသားေတြဟာ တစ္ေန႔ကို အရက္ႏွစ္ခြက္၊ အမ်ိဳးသမီေတြဟာ တစ္ေန႔ကုိ အရက္တစ္ခြက္ ပ်မ္းမွ်ေသာက္သံုးေလ့ရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ “တန္ေဆးလြန္ေဘး”ဆိုတဲ့ စကားအတိုင္း ဘယ္အရာမဆို အလြန္အကၽြံျဖစ္ရင္ မေကာင္းပါဘူး။အရက္ ေသာက္သံုးျခင္းကိုလည္း ေဆးျဖစ္၀ါးျဖစ္(ဒါမွမဟုတ္) စားေကာင္းရံုေလာက္လို႔ အေၾကာင္းျပၿပီး ေသာက္တတ္ ၾကေပမယ့္ အလြန္အကၽြံျဖစ္လာတဲ့အခါ မလိုလားအပ္တဲ့ လူမႈေရး၊ က်န္းမာေရးျပႆနာေတြကို ရင္ဆိုင္ရၿပီး က်န္းမာေရး ျပႆနာေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ရေလ့ရွိပါတယ္။ ဒါေၾကာင့္မို႔ အရက္ေသာက္တဲ့အခါမွာ အလြန္အကၽြံျဖစ္ခဲ့ရင္ ႀကံဳေတြ႕ရႏိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အ၀လြန္ျခင္း

အယ္လ္ကိုေဟာ တစ္ဂရမ္မွာ (၇)ကယ္လိုရီ ပါ၀င္ပါတယ္။ အယ္လ္ကိုေဟာပါတဲ့ အရည္ေတြဟာ ကယ္လိုရီမ်ားျပားလြန္းၿပီး တစ္ခြက္ကို ပ်မ္းမွ် (၉၇)ကေန (၃၀၀)ကယ္လိုရီအထိ ပါ၀င္ေလ့ရွိပါတယ္။ ဒါေၾကာင့္မို႔ အရက္မ်ားမ်ား ေသာက္သံုးရင္ အဆီတက္ၿပီး အ၀လြန္ေလ့ရွိတာပါ။ အရက္ကို ထိန္းၿပီးေသာက္မယ္ဆိုရင္ေတာ့ အဆီတက္တာကို အတိုင္းအတာ တစ္ခုအထိ ေလွ်ာ့ခ်ႏိုင္မွာပါလိမ့္မယ္။

(၂) အမူးလြန္ၿပီး အိပ္မရျဖစ္ျခင္း

အရက္မွာ အိပ္ေဆးအာနိသင္ ပါ၀င္ေပမယ့္ အလြန္အကၽြံေသာက္သံုးရင္ေတာ့ ခႏၶာကိုယ္ထဲက ေဟာမုန္းတစ္ခ်ိဳ႕ကို ျမင့္တက္ေစၿပီး လူကို ႏိုးႏိုးၾကားၾကား ျဖစ္ေစပါတယ္။ ဒါေၾကာင့္မုိ႔ အမူးလြန္တဲ့အခါ မအီမသာျဖစ္ၿပီး စိတ္ကအိပ္ခ်င္ေပမယ့္ လူကအိပ္ဖို႔ ခက္ခဲေနတတ္တာပါ။ သင့္တင့္မွ်တရံုေလာက္သာ အရက္ေသာက္မယ္ဆိုရင္ စား၀င္အိပ္ေပ်ာ္ျဖစ္ရံုသာမက အိပ္ရာကႏိုးလာခ်ိန္မွာေတာင္ လူက အရမ္းလန္းဆန္းေနပါလိမ့္မယ္။
(၃) ႏုလံုးခုန္ မမွန္ျခင္း

အရက္အလြန္အကၽြံေသာက္ရင္ ႏွလံုးခုန္ မမွန္ျဖစ္တတ္ၿပီး ေသြးဖိအားမ်ားလာသလို ႏွလံုးၾကြက္သားေတြကိုလည္း ထိခိုက္ေစပါတယ္။ ဒါေပမယ့္လည္း သင့္တင့္တဲ့ ပမာဏေလာက္ အရက္ကို ေသာက္ရင္ေတာ့ ႏွလံုးေရာဂါကို ၂၅% ကေန ၄၀% ေလာက္အထိ ကာကြယ္ေပးႏိုင္ပါတယ္။ ဒါအျပင္ အသက္အရြက္နဲ႔ ေသာက္သံုးတဲ့ အေလ့အထေပၚမူတည္ၿပီး ႏွလံုးထဲမွာရွိတဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြနဲ႔ ေသြးခဲေတြကိုလည္း ေလွ်ာ့ခ်ေပးပါတယ္။

(၄) ကိုယ္ခံအားေလ်ာ့ျခင္း

အယ္လ္ကိုေဟာ အမ်ားအျပား ေသာက္သံုးျခင္းဟာ ကိုယ္ခံအားေလ်ာ့က်ေစၿပီး အလြယ္တကူ ဖ်ားနာျခင္း၊ အနာက်က္ဖို႔ ပိုမိုၾကာျမင့္ျခင္းမ်ားကို ျဖစ္ေစႏိုင္ပါတယ္။ အရက္လံုး၀ မေသာက္ရင္ေတာ့ ဒီဒုကၡေတြ ခံစားရမွာ မဟုတ္ပါဘူး။

(၅) သတိေမ့ျခင္း

အခ်ိန္ကာလတစ္ခုၾကာေအာင္ အရက္ကို စြဲစြဲၿမဲၿမဲေသာက္သံုးျခင္း(အရက္စြဲေနျခင္း)ဟာ ဦးေဏွာက္ထဲမွာရွိတဲ့ ေသြးလွည့္ပတ္မႈကို ေျပာင္းလဲေစႏိုင္ပါတယ္။ ဒါ့အျပင္ ဦးေဏွာက္ထဲက မွတ္ဥာဏ္နဲ႔ စဥ္းစားႏိုင္စြမ္းတို႔ရွိတဲ့ အစိတ္အပိုင္းေတြ ကို က်ံဳ႕သြားေစတာေၾကာင့္ သတိေမ့ျခင္း၊ မူမမွန္ျခင္း စတာေတြကို ျဖစ္ေစတာပါ။ တစ္ခါတစ္ေလမွ အရက္ေသာက္သူေတြ အရက္မူးေနရင္ လွ်ာေလးအာေလးျဖစ္ၿပီး စကားမွားတာ၊ သတိေမ့တာေတြကေတာ့ ေရရွည္အက်ိဳးသက္ေရာက္မႈ မရွိပါဘူး။ မူးတုန္းခဏပဲ ျဖစ္တာပါ။ အမူးေျပရင္ ေပ်ာက္သြားပါလိမ့္မယ္။

(၆) စိတ္က်ေရာဂါ ခံစားရျခင္း

အရက္ကို မၾကာခဏ မ်ားျပားစြာေသာက္သံုးျခင္းဟာ အရက္ကိုစြဲေစၿပီး စိတ္က်ေရာဂါလည္း ျဖစ္ေစပါတယ္။ စိတ္ဂနာမၿငိမ္ျဖစ္ျခင္း၊ အလိုလိုဖိအားေတြမ်ားေနျခင္းစတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြကိုလည္း အရက္စြဲေနရင္ ခံစားရမွာပါ။ စည္းစနစ္တက် အရက္ကို ေသာက္သံုးမယ္ဆိုရင္ေတာ့ ဒါဟာ စိတ္က်င့္စဥ္တစ္ခုလို႔ေတာင္ သတ္မွတ္လို႔ ရပါတယ္။ မိမိကိုုယ္ကိုနဲ႔ မိမိအေတြးေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းမွာ ပိုမိုအားေကာင္းလာမွာျဖစ္ၿပီး ေကာင္းမြန္တဲ့ ဦးေဏွာက္တြင္း ေသြးလွည့္ပတ္မႈကို ထိန္းသိမ္းရာလည္း ေရာက္ပါတယ္။

(၇) ေသြးတိုးျခင္း

အလြန္အကၽြံအရက္ေသာက္ရင္ ေသြးတိုးေရာဂါျဖစ္ဖုိ႔ ရာခိုင္ႏႈန္းပိုမ်ားၿပီး ဆီးသြားျခင္းနဲ႔ဆိုင္တဲ့ ေရာဂါေတြလည္း ျဖစ္ပြားႏိုင္ပါတယ္။ ဒါေပမယ့္ အရက္ကို စနစ္တက်ေသာက္သံုးျခင္းဟာ ထူးဆန္းစြာပဲ ေသြးတိုးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့နည္းေစတယ္လို႔ က်န္းမာေရးစစ္တမ္းေတြအရ သိရပါတယ္။
Credit: CNN

Unicode
အရက်သောက်သုံးခြင်းဟာ ယနေ့ခေတ် အချိန်အခါမှာ ကျား၊မ,မရွေး လူအတော်များများ ပြုလုပ်နေကြတဲ့ ပုံမှန်အရာတစ်ခုပါ။ အမေရိကန်နိုင်ငံမှာဆိုရင် သုတေသန စစ်တမ်းတွေအရ အမျိုးသားတွေဟာ တစ်နေ့ကို အရက်နှစ်ခွက်၊ အမျိုးသမီတွေဟာ တစ်နေ့ကို အရက်တစ်ခွက် ပျမ်းမျှသောက်သုံးလေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် “တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားအတိုင်း ဘယ်အရာမဆို အလွန်အကျွံဖြစ်ရင် မကောင်းပါဘူး။အရက် သောက်သုံးခြင်းကိုလည်း ဆေးဖြစ်ဝါးဖြစ်(ဒါမှမဟုတ်) စားကောင်းရုံလောက်လို့ အကြောင်းပြပြီး သောက်တတ် ကြပေမယ့် အလွန်အကျွံဖြစ်လာတဲ့အခါ မလိုလားအပ်တဲ့ လူမှုရေး၊ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ရပြီး ကျန်းမာရေး ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့ အရက်သောက်တဲ့အခါမှာ အလွန်အကျွံဖြစ်ခဲ့ရင် ကြုံတွေ့ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အ၀လွန်ခြင်း

အယ်လ်ကိုဟော တစ်ဂရမ်မှာ (၇)ကယ်လိုရီ ပါ၀င်ပါတယ်။ အယ်လ်ကိုဟောပါတဲ့ အရည်တွေဟာ ကယ်လိုရီများပြားလွန်းပြီး တစ်ခွက်ကို ပျမ်းမျှ (၉၇)ကနေ (၃၀၀)ကယ်လိုရီအထိ ပါ၀င်လေ့ရှိပါတယ်။ ဒါကြောင့်မို့ အရက်များများ သောက်သုံးရင် အဆီတက်ပြီး အ၀လွန်လေ့ရှိတာပါ။ အရက်ကို ထိန်းပြီးသောက်မယ်ဆိုရင်တော့ အဆီတက်တာကို အတိုင်းအတာ တစ်ခုအထိ လျှော့ချနိုင်မှာပါလိမ့်မယ်။

(၂) အမူးလွန်ပြီး အိပ်မရဖြစ်ခြင်း

အရက်မှာ အိပ်ဆေးအာနိသင် ပါ၀င်ပေမယ့် အလွန်အကျွံသောက်သုံးရင်တော့ ခန္ဓာကိုယ်ထဲက ဟောမုန်းတစ်ချို့ကို မြင့်တက်စေပြီး လူကို နိုးနိုးကြားကြား ဖြစ်စေပါတယ်။ ဒါကြောင့်မို့ အမူးလွန်တဲ့အခါ မအီမသာဖြစ်ပြီး စိတ်ကအိပ်ချင်ပေမယ့် လူကအိပ်ဖို့ ခက်ခဲနေတတ်တာပါ။ သင့်တင့်မျှတရုံလောက်သာ အရက်သောက်မယ်ဆိုရင် စား၀င်အိပ်ပျော်ဖြစ်ရုံသာမက အိပ်ရာကနိုးလာချိန်မှာတောင် လူက အရမ်းလန်းဆန်းနေပါလိမ့်မယ်။

(၃) နုလုံးခုန် မမှန်ခြင်း

အရက်အလွန်အကျွံသောက်ရင် နှလုံးခုန် မမှန်ဖြစ်တတ်ပြီး သွေးဖိအားများလာသလို နှလုံးကြွက်သားတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါပေမယ့်လည်း သင့်တင့်တဲ့ ပမာဏလောက် အရက်ကို သောက်ရင်တော့ နှလုံးရောဂါကို ၂၅% ကနေ ၄၀% လောက်အထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် အသက်အရွက်နဲ့ သောက်သုံးတဲ့ အလေ့အထပေါ်မူတည်ပြီး နှလုံးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေနဲ့ သွေးခဲတွေကိုလည်း လျှော့ချပေးပါတယ်။

(၄) ကိုယ်ခံအားလျော့ခြင်း

အယ်လ်ကိုဟော အများအပြား သောက်သုံးခြင်းဟာ ကိုယ်ခံအားလျော့ကျစေပြီး အလွယ်တကူ ဖျားနာခြင်း၊ အနာကျက်ဖို့ ပိုမိုကြာမြင့်ခြင်းများကို ဖြစ်စေနိုင်ပါတယ်။ အရက်လုံး၀ မသောက်ရင်တော့ ဒီဒုက္ခတွေ ခံစားရမှာ မဟုတ်ပါဘူး။

(၅) သတိမေ့ခြင်း

အချိန်ကာလတစ်ခုကြာအောင် အရက်ကို စွဲစွဲမြဲမြဲသောက်သုံးခြင်း(အရက်စွဲနေခြင်း)ဟာ ဦးဏှောက်ထဲမှာရှိတဲ့ သွေးလှည့်ပတ်မှုကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါ့အပြင် ဦးဏှောက်ထဲက မှတ်ဉာဏ်နဲ့ စဉ်းစားနိုင်စွမ်းတို့ရှိတဲ့ အစိတ်အပိုင်းတွေ ကို ကျုံ့သွားစေတာကြောင့် သတိမေ့ခြင်း၊ မူမမှန်ခြင်း စတာတွေကို ဖြစ်စေတာပါ။ တစ်ခါတစ်လေမှ အရက်သောက်သူတွေ အရက်မူးနေရင် လျှာလေးအာလေးဖြစ်ပြီး စကားမှားတာ၊ သတိမေ့တာတွေကတော့ ရေရှည်အကျိုးသက်ရောက်မှု မရှိပါဘူး။ မူးတုန်းခဏပဲ ဖြစ်တာပါ။ အမူးပြေရင် ပျောက်သွားပါလိမ့်မယ်။

(၆) စိတ်ကျရောဂါ ခံစားရခြင်း

အရက်ကို မကြာခဏ များပြားစွာသောက်သုံးခြင်းဟာ အရက်ကိုစွဲစေပြီး စိတ်ကျရောဂါလည်း ဖြစ်စေပါတယ်။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အလိုလိုဖိအားတွေများနေခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း အရက်စွဲနေရင် ခံစားရမှာပါ။ စည်းစနစ်တကျ အရက်ကို သောက်သုံးမယ်ဆိုရင်တော့ ဒါဟာ စိတ်ကျင့်စဉ်တစ်ခုလို့တောင် သတ်မှတ်လို့ ရပါတယ်။ မိမိကိုယ်ကိုနဲ့ မိမိအတွေးတွေကို ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုအားကောင်းလာမှာဖြစ်ပြီး ကောင်းမွန်တဲ့ ဦးဏှောက်တွင်း သွေးလှည့်ပတ်မှုကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။

(၇) သွေးတိုးခြင်း

အလွန်အကျွံအရက်သောက်ရင် သွေးတိုးရောဂါဖြစ်ဖို့ ရာခိုင်နှုန်းပိုများပြီး ဆီးသွားခြင်းနဲ့ဆိုင်တဲ့ ရောဂါတွေလည်း ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမယ့် အရက်ကို စနစ်တကျသောက်သုံးခြင်းဟာ ထူးဆန်းစွာပဲ သွေးတိုးရောဂါ ဖြစ်နိုင်ချေကို လျော့နည်းစေတယ်လို့ ကျန်းမာရေးစစ်တမ်းတွေအရ သိရပါတယ်။

Credit: CNN

Updates

Theme Editor by Seo v6