ကမ္ဘာအနှံ့ မိုဘိုင်းအော်ပရေတာများအား ကိုယ်စားပြုလျက် ရှိပြီး မိုဘိုင်းဆိုင်ရာ ကမ္ဘာ့ညီလာခံ၊ ရှန်ဟိုင်း မိုဘိုင်းဆိုင်ရာ ကမ္ဘာ့ညီလာခံ၊အမေရိက မိုဘိုင်းဆိုင်ရာ ကမ္ဘာ့ညီလာခံနှင့် မိုဘိုင်း ၃၆၀ ထိပ်သီးအစည်းအဝေးများ စသည့်လုပ်ငန်းနယ်ပယ်ကို ဦးဆောင်လျက်ရှိသည့် အခမ်းအနား များအား ကျင်းပလျက် ရှိသော GSMA ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက်ဈေးနှုန်းများသည် ဖွံဖြိုးပြီးနိုင်ငံများ၏ ဈေးနှုန်းများထက် သုံးဆကျော် ပိုများပြားလျက်ရှိနေကြောင်း ထို့ပြင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္ဍတွင် အခြေခံအဆောက်အအုံလိုအပ်ချက်ရှိနေဆဲဖြစ်ပြီး GSMA မိုဘိုင်းချိတ်ဆက်မှုညွှန်းကိန်းတွင်လည်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံမှာ နံပါတ် (၈) နေရာတွင် ရပ်တည်နေရကြောင်း ဖော်ပြထားသည်။
GSMA သုတေသန လေ့လာချက်သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၀၂ နိုင်ငံ (ဖြွံ့ဖိုးပြီးနိုင်ငံ ၆၀ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ ၄၂ နိုင်ငံ)တွင် အင်တာနက် ဆက်သွယ်မှုကွန်ရက် လေ့လာမှု အရေအတွက် စုစုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြုလုပ်သည့် သမိုင်းကြောင်းတလျှောက် အကြီးမားဆုံးသော အင်တာနက် ဆက်သွယ်မှုကွန်ရက်လေ့လာချက်ကြီးတစ်ခုဖြစ်လာခဲ့သည်။
Aung Bwa
MyanmarNote
Unicode
မြန်မာနိုင်ငံ၏ အင်တာနက်ခမှာ ဖွံ့ဖြိုးပြီးနိုင်ငံများထက် (၃)ဆကျော် မြင့်နေကြောင်း GSMA ထုတ်ပြန်
ကမ်ဘာအကမ်ဘ မိုဘိုင်းအော်ပရေတာများအား ကိုယ်စားပြုလျက် ရှိပြီး မိုဘိုင်းဆိုင်ရာ ကမ်ဘာ့ညီလာခံ၊ ရှန်ဟိုင်း မိုဘိုင်းဆိုင်ရာ ကမ်ဘာ့ညီလာခံ၊အမေရိက မိုဘိုင်းဆိုင်ရာ ကမ်ဘာ့ညီလာခံနှင့် မိုဘိုင်း ၃၆၀ ထိပ်သီးအစည်းအဝေးများ စသည့်လုပ်ငန်းနယ်ပယ်ကို ဦးဆောင်လျက်ရှိသည့် အခမ်းအနား များအား ကျင်းပလျက် ရှိသော GSMA ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်တာနက် ဆက်သွယ်ရေးကွန်ရက်ဈေးနှုန်းများသည် ဖွံဖြိုးပြီးနိုင်ငံများ၏ ဈေးနှုန်းများထက် သုံးဆကျော် ပိုများပြားလျက်ရှိနေကြောင်း ထို့ပြင် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ ဆက်သွယ်ရေးကဏ္႑တွင် အခြေခံအဆောက်အအုံလိုအပ်ချက်ရှိနေဆဲဖြစ်ပြီး GSMA မိုဘိုင်းချိတ်ဆက်မှုညွှန်းကိန်းတွင်လည်း အာဆီယံနိုင်ငံများအနက် မြန်မာနိုင်ငံမှာ နံပါတ် (၈) နေရာတွင် ရပ်တည်နေရကြောင်း ဖော်ပြထားသည်။
GSMA သုတေသန လေ့လာချက်သည် ၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၀၂ နိုင်ငံ (ဖွ့ြံဖိုးပြီးနိုင်ငံ ၆၀ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံ ၄၂ နိုင်ငံ)တွင် အင်တာနက် ဆက်သွယ်မှုကွန်ရက် လေ့လာမှု အရေအတွက် စုစုပေါင်း ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပြုလုပ်သည့် သမိုင်းကြောင်းတလျှောက် အကြီးမားဆုံးသော အင်တာနက် ဆက်သွယ်မှုကွန်ရက်လေ့လာချက်ကြီးတစ်ခုဖြစ်လာခဲ့သည်။
ထိုနိုင်ငံများမှ အင်တာနက်ဆက်သွယ်ရေးကွန်ရက်အပေါ် ထိန်းကျောင်းပဲ့ကိုင်သည့် ကိစ္စရပ်များနှင့် ယင်းတို့ကြောင့် သုံးစွဲသူများအပေါ်တွင် ဖြစ်ပေါ်လာနိုင်သော အင်တာနက် ဆက်သွယ်ရေးကွန်ရက်၏ ဈေးနှုန်းသက်ရောက်မှုကိုပါ လေ့လာနိုင်ခဲ့သည်။ သုတေသနတွင် အယ်လ်ဂျီးရီးယာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီးလ်၊ ကမေ်ဘာဒီးယား၊ အီဂျစ်၊ ဂါနာ၊ အိန္ဒိယ၊ ဂျော်ဒန်၊မက္ကဆီကို၊ မြန်မာ နှင့် ထိုင်းနိုင်ငံများ ပါဝင်ပြီး ယင်းနိုင်ငံများ၏ ဈေးကွက်များတွင် အင်တာနက်ဆက်သွယ်ရေးကွန်ရက် လိုင်စင်ထုတ်ပေးမှုမှာ အဓိကအချက် ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက်အသုံးပြုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း (လူဦးရေ ၁၈ သန်း)အထိ ရှိနေပြီး ယင်းက မြန်မာနိုင်ငံရှိ လူဦးရေ ၃၅ သန်း မှာ အင်တာနက် ဆက်သွယ်မှုပြတ်တောက်နေကြောင်း ဖော်ပြနေသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ နှင့် ၂၀၁၇ ကာလကြားအာရှပစိဖိတ်နိုင်ငံများအနက် အတိုးတက်ဆုံးနိုင်ငံတစ်ခု ဖြစ်ကာ ရမှတ် ၁၆ မှတ် တိုးတက်လာခဲ့သည်။ ယင်းသို့ တိုးတက်လာသော်လည်း အာရှပစိဖိတ်နိုင်ငံများတွင် ပျမ်းမျှအောက် အနေအထားသာ ရှိသေးသည်။ ထိုသို့ဖြစ်ရခြင်း၏ အကြီးမားဆုံးလိုအပ်ချက်မှာ အခြေခံအဆောက်အအုံပိုင်းတွင် ဖြစ်သည်။