Skip to main content

ပွဲဆူတာထက်ပိုဆူလာတဲ့မြန်မာ Idol










Credit: Robert ငြိမ်းမောင် – Myanmar Live လတ်တလောမြန်မာ့သတင်းများ Page

Unicode

မနေ့ညက Top 3 result show အပြီးမှာတော့ ပရိတ်သတ်တွေ အရင်ကထက် ပွဲဆူလာပါတယ်။ Top 11 ကနေ စစ်ချလာရာကနေ Top 3 ထိကျန်ခဲ့ပြီး ထို Top 3 ထဲကနေမှ Top 2 အဖြေကို မနေ့က ထုတ်ဖော်ခဲ့ပါတယ်။

ပြိုင်ပွဲဝင် ၃ ဦးစလုံးကို ခေါ်ထုတ်ပြီး ပထမဆုံး safe ဖြစ်သူကို ကြေငြာရာမှာ ချမ်းမြေ့မောင်ချိုကို အရင်ဆုံး grand final တက်သွားပါပြီလို့ ကြောငြာပါတယ်။

အဲ့ဒီနောက် ဇော်ကြီး နဲ့ ဖြိုးမြတ်အောင်ကျန်ခဲ့ပြီး နောက်ထပ် grand final တက်ရောက်သွားတဲ့သူဟာ ဖြိုးမြတ်အောင် ဆိုပြီး ထပ်ပြီးကြေငြာလိုက်ချိန်မှာတော့

စိတ်မကောင်းစွာပဲ ဇော်ကြီး ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ့်သူ ဖြစ်နေပါတယ်။ ကျော်ထက်အောင်ကတော့ စိတ်မကောင်းဘူးပြောရမှာ အားနာပါတယ် အပြုံးချိုချိုနဲ့ strong ဖြစ်တဲ့အတွက်လို့ ဆိုပါတယ်။

ပြန့်နှံ့နေတဲ့ ပရိတ်သတ်တွေရဲ့ မှတ်ချက်တွေကို ဖော်ပြရမယ်ဆိုရင် ပြိုင်ပွဲတလျှောက် အမှားတွေနဲ့ ပြိုင်ပွဲဝင်နေတဲ့ ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချို vote တွေရပြီး safe နေတာ တွေ့ရလို့ အံ့သြရတယ်ဆိုတာကို အများစုက သတ်မှတ်ကြတယ်။ ကာတွန်းတွေ troll တွေလည်း အများကြီးပေါ်ထွက်လာတာကလဲ သက်သေလို့ ဆိုရမှာပါ။

Top 3 သုံးယောက် ဆိုသွားတဲ့ အပေါ်မှတ်ချက်များကို ပြောရမယ်ဆိုရင် Hit song week မှာ ဇော်ကြီးက သာဒီလူရဲ့ “လိုသလိုသုံး” သီချင်းနဲ့ ဝင်ပြိုင်ခဲ့ပြီး ပရိတ်သတ် ကျေနပ်မှုရခဲ့ပါတယ်။

ဦးသိန်းတန်က “သတိ” ရဆိုတဲ့ စာသားဆိုရာမှ “သ” သံမထွက်တာလေးရှိတယ်ဆိုပြီး မှတ်ချက်ချပါတယ်။ “တကယ်ပြန်နားထောင်ရင် “သ” သံထွက်တာ တွေ့ရပါလိမ့်မယ်။ Original မှလည်း အဲ့လိုပါပဲ။

ချမ်းမြေ့မောင်ချို – ပွဲအဆူဆုံး ဖြစ်စေတဲ့ ပြိုင်ပွဲဝင်လို့ ပြောရပါတယ်။ Hit song week မှာ သီိချင်းအမှားပါတယ်။ ကိုရန်အောင်က ပညာရှင်တွေမှ သိမယ့်အမှားလို့ ပြောတယ်။ တင်ဇာမော်က အမှားကို ထောက်ပြတယ်။

ကိုမျိုးကျော့က ပရိတ်သတ်ကို မထိခိုက်တဲ့ အမှားပါလို့ ပြောတယ်။ ဦးသိန်းတန်ကတော့ ဒီအဆင့်က အမှားမပါရတော့မယ့်အဆင့်ပါလို့ ပြောတယ်။ နည်းစနစ်လေးတွေ လိုသေးတယ်လို့ မှတ်ချက်ပြုတယ်။ အရည်ချင်းရှိသူ winner ဖြစ်ပါစေ။

Credit: Robert ငြိမ်းမောင် – Myanmar Live လတ်တလော မြန်မြန်မာ့သတင်း Page



Updates

Theme Editor by Seo v6