Skip to main content

Top11ၿပိဳင္ပြဲဝင္ေတြနဲ႔အတူ အစီအစဥ္အတိုင္းဆက္လက္က်င္းပမည့္ျမန္မာအိုင္ေဒါ

ပရိသတ္ေတြၾကား အေျပာမ်ားေနတဲ့ Myanmar Idol season 3 ေနာက္အဆုံးအဆင္ ၿပဳိင္ပြဲနဲ႔ ပတ္သက္ၿပီး ဒီေန႔ စေနေန႔ ညေနပိုင္းမွာပဲ မူလစီစဥ္ထားတဲ့အတိုင္း ျပဳလုပ္သြားမယ္လို႔ ပြဲစီစဥ္သူေတြက မေန႔ညေနပိုင္းမွာ အထူးသတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီး ေျပာၾကားသြားပါတယ္။

ေနာက္ဆုံးအဆင့္ၿပဳိင္ပြဲကို ၿဖိဳးျမတ္ေအာင္နဲ႔ ခ်မ္းေျမ့ေမာင္ခ်ဳိတို႔ ႏွစ္ေယာက္ ယွဥ္ၿပဳိင္ရမွာျဖစ္ၿပီး ခ်မ္းေျမ့ေမာင္ခ်ဳိ က်န္းမာေရးမေကာင္းလို႔ ေဆး႐ုံတက္ၿပီး ေဆးကုသမႈခံယူေနရတဲ့အတြက္ သူ႔ကို ပါဝင္လာဖို႔ ၿပိဳင္ပြဲေနာက္ဆုံးအခ်ိန္ထိ ေစာင့္ေမွ်ာ္သြားမယ္လို႔ ဆိုပါတယ္။

အခုေနာက္ဆုံးအဆင့္ၿပိဳင္ပြဲကို ခ်မ္းေျမ့ေမာင္ခ်ဳိ လာေရာက္မယွဥ္ၿပဳိင္ႏိုင္ပါက ၿဖိဳးျမတ္ေအာင္က အႏိုင္ရရွိသြားမယ္လို႔လည္း သိရပါတယ္။

ေဆး႐ုံမွာ လက္ရွိေရာက္ရွိေနတဲ့ ခ်မ္းေျမ့ေမာင္ခ်ဳိအေနနဲ႔ က်န္းမေရး ျပန္လည္ေကာင္းမြန္စျပဳေနၿပီး အဆိုပိုင္းေလ့က်င့္ႏိုင္ဖို႔ သြားေရာက္ကူညီေပးေနတယ္လို႔လည္း ျမန္မာအိုင္ေဒါ အဆိုပိုင္းဆရာတေယာက္ျဖစ္တဲ့ ဥကၠာဦးသာက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

ေနာက္ဆုံးအဆင့္ ျပဳလုပ္မယ့္ ၿပဳိင္ပြဲမွာ myanmar idol top 11 ၿပဳိင္ပြဲဝင္အားလုံး ပါဝင္ေဖ်ာ္ေျဖမွာျဖစ္ၿပီး ေဖ်ာ္ေျဖေရးအတြက္ ေလ့က်င့္ျပင္ဆင္ေနတဲ့ top 11 ၿပိဳင္ပြဲဝင္ေတြကလည္း ခ်မ္းေျမ့ေမာင္ခ်ဳိကို ေဆး႐ုံမွာ သြားေရာက္ေတြ႔ဆုံအားေပးခဲ့ၾကေၾကာင္း ျမန္မာအိုင္ေဒါက သတင္းထုတ္ျပန္ထားပါတယ္။
Credit: DVB

Unicode

ပရိသတ်တွေကြား အပြောများနေတဲ့ Myanmar Idol season 3 နောက်အဆုံးအဆင် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဒီနေ့ စနေနေ့ ညနေပိုင်းမှာပဲ မူလစီစဉ်ထားတဲ့အတိုင်း ပြုလုပ်သွားမယ်လို့ ပွဲစီစဉ်သူတွေက မနေ့ညနေပိုင်းမှာ အထူးသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားသွားပါတယ်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့ နှစ်ယောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချမ်းမြေ့မောင်ချို ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရတဲ့အတွက် သူ့ကို ပါဝင်လာဖို့ ပြိုင်ပွဲနောက်ဆုံးအချိန်ထိ စောင့်မျှော်သွားမယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးအဆင့်ပြိုင်ပွဲကို ချမ်းမြေ့မောင်ချို လာရောက်မယှဉ်ပြိုင်နိုင်ပါက ဖြိုးမြတ်အောင်က အနိုင်ရရှိသွားမယ်လို့လည်း သိရပါတယ်။

ဆေးရုံမှာ လက်ရှိရောက်ရှိနေတဲ့ ချမ်းမြေ့မောင်ချိုအနေနဲ့ ကျန်းမရေး ပြန်လည်ကောင်းမွန်စပြုနေပြီး အဆိုပိုင်းလေ့ကျင့်နိုင်ဖို့ သွားရောက်ကူညီပေးနေတယ်လို့လည်း မြန်မာအိုင်ဒေါ အဆိုပိုင်းဆရာတယောက်ဖြစ်တဲ့ ဥက္ကာဦးသာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

နောက်ဆုံးအဆင့် ပြုလုပ်မယ့် ပြိုင်ပွဲမှာ myanmar idol top 11 ပြိုင်ပွဲဝင်အားလုံး ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး ဖျော်ဖြေရေးအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ top 11 ပြိုင်ပွဲဝင်တွေကလည်း ချမ်းမြေ့မောင်ချိုကို ဆေးရုံမှာ သွားရောက်တွေ့ဆုံအားပေးခဲ့ကြကြောင်း မြန်မာအိုင်ဒေါက သတင်းထုတ်ပြန်ထားပါတယ်။
Credit: DVB



Updates

Theme Editor by Seo v6