ဒီဆေးဝါးသောက်သုံးသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါရနိုင်ခြေ ၅၀ရာခိုင်နှုန်းလောက်ပိုများပြီး ကိုယ်တွင်းကလီစာတွေ သွေးယိုစီးမှုလည်းပိုမိုဖြစ်ပွားနိုင်ကြောင်းတွေ့ရှိချက်တွေအရသိရပါတယ်။
ဒါ့ကြောင့်လည်း ဗြိတိန်မှာတော့ အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်တဲ့ Diclofenac ကို နှလုံးနဲ့ပတ်သက်တဲ့ပြသနာတွေကြောင့် သုံးစွဲခွင့် ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။
ဒီဆေးဟာ အခြားနိုင်ငံတွေမှာပါ သုံးစွဲနေကြတာဖြစ်ပြီး သုံးစွဲသူဦးရေအနည်းဆုံး ၆.၃သန်းရှိမယ်လို့ခန့်မှန်းရပါတယ်။ ဒီဆေးဝါးသုံးစွဲသူတွေဟာ နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ ကိုယ်တွင်းသွေးယိုမှုတွေဖြစ်ပွားကြောင်းသိရပါတယ်။
အဖျားရောဂါတွေ သွားကိုက်တာတွေပျောက်ကင်းဖို့သောက်သုံးကြတာဖြစ်ပြီး ကလေးတွေအနေနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်းတွေအတွက်ထိ သုံးနိုင်တယ်လို့သိရပါတယ်။
ဗြိတိန်မှာသုံးစွဲခွင့်ပိတ်ပင်ထားတာ ၂၀၁၅ ထဲကဆိုပေမယ့် ကမ္ဘာကိုတော့ အခုမှ ဖွင့်ဟပြတာဖြစ်ပါတယ်။ ဒါဟာ ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုသိရှိပြီး ရှောင်ကြဉ်နိုင်ဖို့ဖြစ်တယ်လို့ သူတို့က ဆိုထားပါတယ်။
ဒီဆေးသုံးစွဲသူတွေရဲ့ပျမ်းမျှအသက်ဟာ ၄၀ကျော်မှာရှိနေပြီး အခြားအကိုက်အခဲပျောက်ဆေးဖြစ်တဲ့ ပါရာဆီတမော ကတော့ သုံးစွဲသူတွေရဲ့ပျမ်းမျှအသက် ၅၆ နှစ်ဖြစ်ပါတယ်။ ဒါပေမယ့် ပါရာဆီတမော ဟာ Diclofenac လောက် ဆိုးကျိုးမများတာဖြစ်ပြီး အကိုက်အခဲပျောက်ဆေးတွေထဲမှာ ခုနဆေးနဲ့ Naproxen လို့ခေါ်တဲ့ဆေးတွေဟာ အဆိုးရွားဆုံးဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဆိုးကျိုးတွေကို လျစ်လျူရှုကာ သောက်သုံးနေကြတဲ့သူတွေရှိနေသေးတာတော့ ဝမ်းနည်းစရာကောင်းလှတယ်လို့ပဲ ဆိုရမှာပါ။
Writer – Min Thu (Daily Hot News )