“အောက်တိုဘာဖက်စ်(Oktoberfest)” လို့ ခေါ်တဲ့  ဂျာမန်ရိုးရာ ဘီယာသောက်ပွဲတော်ကြီးကို ဂျာမနီနိုင်ငံမှာ အစဉ်အလာမပျက် စတင်ကျင်းပနေပြီလို့ သိရပါတယ်။ နှစ်စဉ် ၁၆ရက် တိုင်တိုင်ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းက ဧည့် သည်တွေပျော်ပျော် ရွှင်ရွှင်နဲ့ လာရောက်ဆင်နွဲလေ့ရှိတဲ့ ပွဲတော်တစ်ခုလို့ လည်းဆိုပါတယ်။
ဒီပွဲတော်ကို နှစ်စဉ် စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်ကနေ အောက်တိုဘာလ အထိ နှစ်စဉ်ကျင်းပလေ့ရှိပြီး နိုင်ငံတစ်ကာမှာ ပြုလုပ်လေ့ရှိတဲ့ ဘီယာပွဲတော် တွေအနက် အကြီးမားဆုံး ဘီယာပွဲတော်ကြီးတစ်ခုအဖြစ် တညီတညွတ်တည်း သတ်မှတ်ခံထားရတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။
အကြောင်းကပွဲတော်ရက် အတွင်းလာရောက်ဆင်နွဲတဲ့ သူက နှစ်စဉ် ခြောက်သန်းကျော်ရှိတာမို့ စံချိန်တင်ကြီးမားတဲ့ နံပါတ်တစ် ပွဲတော်ကြီးလို့ ပြောဆိုကြရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒ့ါအပြင် ဒီပွဲတော်ဟာဂျာမနီ နိုင်ငံရဲ့ နိုင်ငံတော် အဆင့်ပွဲတစ်ပွဲ လို့လည်း သတ်မှတ်ထားပါတယ်။
ပွဲတော်ကာလ အတွင်း ဂျာမန်ပြည်သူတွေသာမက ဥရောပတိုက် တစ်ခွင်က ဧည့် သည်တွေအပြင် နိုင်တစ်ကာကဘီယာချစ်သူတွေ လာရာက်ပြီး နာမည်ကျော် ဂျာမန် ဘီယာမျိုးစုံကို ပျော်ပျော်ပါးပါး လာရောက်သောက်သုံးကြတဲ အဆိုပါ ၁၆ရက်ကြာ ဘီယာပွဲတော်ကြီးကို ၁၈၁၀ခုနှစ်က ဘာဘေးရီးယန်း အိမ်ရှေ့ မင်းသား လျူဒင် ရဲ့ လက်ထပ်မင်္ဂလာပွဲကို ဂုဏ်ပြုရာကနေ စတင်အမြစ်တွယ်ကျင်းပခဲ့ တာယနေ့ထက်ထိတိုင်ပဲဖြစ်ပါတယ်။ ရှေးခေတ်ကာလတွေတုန်း ကတော့ ပွဲတော်ကိုအောက်တိုဘာလ ၁၂ရက်နေ ကနေ ၁၇ရက်နေ့ အထိကျင်းပလေ့ရြှိပီး မြင်းပြိုင်ပွဲတွေပါထည့် သွင်းကျင်းပခဲ့ တယ်လို့ ဆိုပါတယ်။ ကာလတွေကြာလာတဲ့ နောက်ပိုင်းမှာတော့ ပိုပြီးရာသီ ဥတုပူနွေးတဲ့  စက်တင်ဘာလထဲကို ရှေ့တိုး ကျင်းပလာခဲ တာ ဒီနေ့ထက်တိုင်ဖြစ်ပါတယ်။
ဒီနှစ်ပွဲတော်ကြီးကိုတော့  ၂၀၁၈ခုနှစ် စက်တင်ဘာ၂၂ရက်နေ့ ကနေ စတင်ကျင်းပနေတာဖြစ်ပြီး အောက်တိုဘာလ ရ ရက်နေ့ မှာနောက် ဆုံးရက်အဖြစ်ကျင်းပသွားမှာပါ။
အောက်တိုဘာဖက်စ်ရဲ့ ထုံးစံအတိုင်း ၂၀၁၉ ခုနှစ် အတွက် အချိန်ဇယားကိုပါ တစ်ပြိုင်တည်းကြေငြာပေး လိုက်ပါပြီ၊ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၁ရက်ကနေ အောက်တိုဘာလ ၆ရက်နေ့ အထိကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
KO
Ref: Sanook / Popular News Journal


