Skip to main content

ကလေးသူခိုးဟုစွပ်ဆွဲပြီး သတ်ဖြတ်မီးရှို့ခံခဲ့ရသူမှာ စိတ်ကျန်းမာရေးချို့တဲ့နေသူဖြစ်နေ

မုံရွာ၊ စက်တင်ဘာ-၁၂

ကလေးသူခိုးဟု စွပ်စွဲပြီး ချောင်းဦးမြို့နယ် မင်းတည်ရွာတွင် သတ်၍မီးရှို့ခံခဲ့ရသူမှာ စိတ်ကျန်းမာရေးချို့တဲ့ နေသူဖြစ်သည်ဟု ၄င်း၏ဇနီးနှင့် ဆွေမျိုးများမှ ယနေ့စက်တင်ဘာ၁၂ရက်နေ့တွင် ရဲစခန်းသို့ လာရောက်အတည်ပြုခဲ့သည်။

သေဆုံးသူမှာ ဦးကြည်နိုင် ဖြစ်ပြီး အသက်၄၀ ၀န်းကျင်အရွယ်ဖြစ်ကာ မြင်းမူမြို့နယ် ခြေရာတော် ကျေးရွာတွင်နေထိုင်ကာ လွန်ခဲ့သော ၁၀နှစ်ကတည်းက စိတ်ကျန်းမာရေး ဝေဒနာခံစားခဲ့ရပြီး မန္တလေးစိတ်ကျန်းမာရေးဆေးရုံတွင် ပုံမှန်ဆေးပြနေရသူဟု အသတ်ခံရသည့် ဦးကြည်နိုင်၏ညီဖြစ်သူကပြောသည်။

စက်တင်ဘာ၁၀ရက်နေ့ညပိုင်း ၈နာရီဝန်းကျင်က ချောင်းဦးမြို့နယ် မကျည်းခွအုပ်စု မင်းတည်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှ "သမီးကိုလူလိုက်တယ် လူလိုက်တယ်"ဟု အော်ဟစ်ရာမှ ယခုဖြစ်စဉ်စတင်ခဲ့ခြင်းဖြစ်သည်။ ဦးကြည်နိုင်အားရိုက်နှက်ကြပြီး ရွာသချိင်္ုင်းတွင် မီးရှို့ခဲ့သည်အထိဖြစ်ပွားခဲ့သည်။

မီးရှို့ထားသည် လူပုံအား ရိုက်ထားသည့် ပုံများသည်လည်း ယင်းနေ့ ညပိုင်းတွင်လူမှုကွန်ယက်တွင် ပြန့်နှံ့သွားခဲ့သည်။

ယင်းအမှုဖြစ်ပွားသည့်ရွာသို့ ၀န်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး သွားရောက်ခဲ့ပြီး။ ၀န်ကြီးချုပ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးအား မင်းမဲ့စရိုက်ဆန်သည့်ဖြစ်ရပ်ဟုပြောဆိုခဲ့သည်။

သေဆုံးသူဦးကြည်နိုင်၏မိသားစုမှ ရဲစခန်းတွင် မှတ်ပုံတင်များ အိမ်ထောင်စုဇယားများပြသပြီး အတည်ပြုပေးခဲ့ပြီး ၊ကျန်းမာရေးစစ်ဆေးသည့်မှတ်တမ်းစာအုပ်ကိုပါပြသခဲ့သည်။

ယခုအမှုအား စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီး၍ ချောင်းဦးမြို့မရဲစန်းတွင် စစ်ဆေးမှုများ ပြုလုပ်နေပြီး၊ မင်းတည်ကျေးရွာမှ လူအချို့အား ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှသိရသည်။

မုံရွာဂေဇက်
Monywa Gazette
https://www.facebook.com/monywagazette

Updates

Theme Editor by Seo v6