Skip to main content

အွန်လိုင်းပေါ်မှာပြောနေကြတဲ့ "တောသား" ဆိုတဲ့စကားလုံးအဓိပ္ပါယ်

လူမှုကွန်ရက်ပေါ်က”တောသား”ဆိုသည့်အသုံးအနှုန်းမှာ ရွာမှာနေထိုင်ခြင်း ၊ ရွာမှာ မွေးဖွားခြင်းကို ဆိုလိုတာမဟုတ်ကြောင်း၊အသားဖြူခြင်း၊ မည်းခြင်းနဲ့ မသက်ဆိုင်ကြောင်း။လူမျိုး ဘာသာနဲ့လည်း မဆိုင်ကြောင်း။ အလုပ်အကိုင်၊ စီးပွားရေးနဲ့လည်းမဆိုင်ကြောင်း။

အဝတ်အစား၊ အဆောင်အယောင်နဲ့လည်း မပတ်သက်ကြောင်း။ မူလတန်းအောင်ခြင်း၊ ဘွဲ့ရခြင်းနဲ့လည်း မဆိုင်ကြောင်း။၁၂မျဉ်းစောင်း၊ ၁၄မျဉ်းစောင်းနဲ့လည်းမဆိုင်ကြောင်း။ ကျား၊မ လည်း မခွဲခြားကြောင်း။

သာမန်လူနားလည်နိုင်လောက်သည့် ဉာဏ်ရည်မျိုး၊ အတွေ့အကြုံမျိုးမရှိဘဲ “ပိန်း” တာကို ခေါ်ဆိုခြင်းဖြစ်ကြောင်း၊သွသူ နယူးယော့ခ်မှာ မွေးမွေး၊ စင်ကာပူမှာပဲ အခြေချချ၊ ပိန်းလျှင် တောသားသာဖြစ်ကြောင်း။ရန်ကုန်လောက်၊ မန်းလေးလောက်မှာ ပလတ်စတစ်ကောက်နေရုံဖြင့် ဂျေ မဝင်သင့်ကြောင်း။တောသားဟု သတ်မှတ်နိုင်သည့်အချက်အလက်များစွာ ရှိကြောင်း။

တစ်ရာဖိုးသုံးပုဒ်တန်များကို အမှန်အကန်ထင်၍ ရှဲနေခြင်းသည်လည်း တောသားဖြစ်ကြောင်း။မခိုင်မာသည့် သတင်းရင်းမြစ်များမှ ပေါပါပဲပဲ ဘဒိတ်ကင်းနယူးများကို ရှဲနေခြင်းသည်လည်း တောသားဖြစ်ကြောင်း။

ဦးဖြူလုံးသားအလတ်ကောင်၊ ဒေါ်သန်းညွန့်သမီးအကြီးမ၊ မင်းကိုထာဝရချစ်နေမယ့်အလွမ်းသမားလေးဆိုသည့် အကောင့်ပိုင်ရှင်များသည် တောသား ဖြစ်နိုင်ချေများကြောင်း။ကိုယ့်ဓာတ်ပုံ ကိုယ်တင်တာကို ဖရန့် အယောက်တစ်ရာလောက် တက်လုပ်ခြင်းသည်လည်း တောသား အပြုအမူဖြစ်ကြောင်း။

(တစ်ရာမပြည့်လည်း တောသားဖြစ်ကြောင်း၊ ကိုယ့်ဘဲကိုယ့်စော် လောက်သာ တက်သူများမပါကြောင်း)ဆိုင်ကယ်ပေါ် ခွလည်း တင်၊ မင်္ဂလာဆောင်သွားလည်းတင်၊ အလှူမှာ သိမ်ဆင်းလောင်းလည်း တင်၊ အလကားနေ ချက်အင် ဝင်နေခြင်းသည်လည်းတောသားဖြစ်ကြောင်း။တစ်နေ့ကို(နေ့စဉ်) ပို့စ် သုံးခုလောက်ပုံမှန်တင်နေလျှင် တောသားဖြစ်ကြောင်း။

ပုံနှိပ်မီဒီယာများ၏ တရားဝင်ပေ့ဂ်ျအောက်တွင် ဆဲဆို ရမ်းကားခြင်းသည်လည်း တောသားဖြစ်ကြောင်း။သင်ဇာဝင့်ကျော်၊ လုလုအောင် ၊ ရွှေမှုန်ရတီ ဓာတ်ပုံများအောက်တွင် ” နင် မြန်မာမဟုတ်ဘူးလား။ စောက်ရှက်မရှိဘူးလား။

နင့်မိဘက မဆုံးမဘူးလား၊ ဖင်တုံးလုံးနဲ့ရိုက်ပါလား၊ အမျိုးဖျက်မ၊ ထိုထက်ကြမ်းတမ်းသည့် ဖလမ ၊ မသမ” ဟု ဝင်ရေးလျှင်လည်း အော်တို တောသားဖြစ်ကြောင်း။ပေါကားစွဲစွဲမြဲမြဲ ကြည့်လျှင် တောသားဖြစ်ကြောင်း။ပေါအကယ်ဒမီကို မြိန်ရည်ရှက်ရည် ဆွေးနွေးမိလျှင်လည်း တောသားဖြစ်ကြောင်း။

ခေတ်ရေစီးကြောင်းကို မျက်ခြေပြတ်၍ ကိုယ့်ကိုယ်ကို စောက်ဆရာကြီး ထင်သူများမှာ တောသားဖြစ်ကြောင်း။ခေတ်ရေစီးကြောင်းကို လိုက်လွန်းလျှင်လည်း တောသားဖြစ်ကြောင်း။သရော်စာကို သရော်စာမှန်းမသိလျှင်လည်း တောသားဖြစ်ကြောင်း။ဖေ့ဘွတ် ကို ဖွန်ကြောင်ရာ အင်ဒက်စထွီကြီးသဖွယ် မှတ်ယူသူများသည် တောသားဖြစ်ကြောင်း။

ကိုယ်အားပေးရာ၊ ကိုယ်ယုံကြည်ရာ၊ ကိုယ်ချစ်ခင်ရာ လူပုဂ္ဂိုလ်၊ ပါတီ၊ ဘာသာတရား၊ တိုင်းပြည် တစ်ခုတည်းကိုသာ အကျုံးဝင်သည်၊ အစစ်အမှန်ဖြစ်သည်၊ တရားဝင်သည်၊ ထောက်ခံအပ်သည်ဟု ယူဆလျက် ကျန်အဖွဲ့အစည်း အသင်းအပင်းများကို တိုက်ခိုက်၊ စော်ကားနေခြင်းသည်လည်း တောသားဖြစ်ကြောင်း။

အမေနေ့၊ အဖေနေ့၊ ဘာနေ့၊ ညာနေ့များရောက်မှ သတိတရ ပို့စ်တင်ခြင်းသည်လည်း တောသားဖြစ်ကြောင်း။ကော်ပီကူးယူပြီး ခရက်ထစ် မပေးခြင်းသည် တောသား လက္ခဏာဖြစ်ကြောင်း။နေရာတကာ စဆရက လုပ်သူများသည်လည်း တောသားဖြစ်ကြောင်း။ကိုယ့်ထက်ငယ်လို့ ကိုယ့်လောက် မသိနိုင်ဟု ယူဆနေခြင်းသည် တောသားအတွေးအခေါ်ဖြစ်ကြောင်း။

ကိုယ့်ကိုယ်ကို ငပိန်းမဟုတ်ဟု ထင်မြင်သူများသည်လည်း တောသားဖြစ်ကြောင်း။တောသား၏ဆန့်ကျင်ဘက်စကားလုံးကို မြို့သားဟု အဓိပ္ပါယ်ကောက်ယူ၍ မရကြောင်း။ ထိုသို့ ဆက်စပ် သုံးနှုန်းမိလျှင်လည်း တောသား ဖြစ်ကြောင်း။ဖေ့ဘွတ် သုံးကာစ အဖိုးအဘွား၊ ညီငယ် ညီမငယ်များသည် တောသားဖြစ်နိုင်ချေ များကြောင်း။

အကြမ်းဖျင်း ၆၀ ကျော်နှင့် ၂၀ အောက်များဟု ယေဘုယျသတ်မှတ်နိုင်ကြောင်း။ သို့သော် ထို အသက်အပိုင်းအခြားသည် အမြဲမှန်ကန်လိမ့်မည်ဟု မယူဆစေလိုကြောင်း။ ၂၀ ကျော် တောသားများလည်း တပုံကြီးရှိကြောင်း။ဒီစတေးတပ်စ်က တစုံတယောက်ကို ရည်ရွယ်သည်ဟု ထင်မြင်မိလျှင်လည်း တောသားဖြစ်ကြောင်း။

တောသားဖြစ်ခြင်းသည် သိမ်ငယ်စရာတော့မဟုတ်ကြောင်း။ သို့သော် ရှက်ဖို့ကောင်းကြောင်း။(ဟီးဘာကွာလဲ တော့ မသိဘူးဗျ)မြန်မာနိုင်ငံမှာ တောသားအလွန်များပြားကြောင်း။ ကျနော့် ဖရန့်ထဲမှာလည်းတောသားများအထိုက်အလျှောက်ရှိကြောင်း။

ကျနော်ကိုယ်တိုင်လည်း တောသားဖြစ်ကြောင်း

ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးကို ရှင်းပြနေစဉ်

ဟူး လက်ညောင်းထှာ တော်ပြီကွာ....

Credit: အိုင်တီဖိုးခွား

Updates

Theme Editor by Seo v6