Skip to main content

မယားငယ်မ၊ စနိုက်ကြော်မလို့ ပြောဆိုတိုက်ခိုက်နေသူတွေကို သတိပေးလိုက်တဲ့ စိုးနန္ဒာကျော်

သရုပ်ဆောင်မင်းထက်ကတော့ ယခုအချိန်မှာ နှင်းအိရွှေရည်ရဲ့ ကာမလိမ်လည်မှုနဲ့စွဲဆိုထားတဲ့အမှုအတွက် ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ပဋိပက္ခတွေပိုမိုပြင်းထန်လာကြတဲ့ မင်းထက်နဲ့ နှင်းအိရွှေရည်တို့ရဲ့ အမှုကို ပရိသတ်တွေကလည်းစိတ်ဝင်စားလျှက်ရှိနေကြပါတယ်။ ဖခင်အဖြစ် နာမည်ခံစေချင်တဲ့ နှင်းအိရွှေရည်နဲ့ DNA စစ်ပြီးရလဒ်ထွက်လာလို့ သူ့ရဲ့ကလေးစစ်မှန်ခဲ့ရင် ဥပဒေအရ ထောက်ပံ့ကြေးပေးသွားမယ့် မင်းထက်တို့အကြား ဝေဖန်ပြစ်တင်ပြောဆိုမှုတွေ ပိုမိုများပြားလာတာဖြစ်ပါတယ်။
တရားရုံးအရှေ့မှာ တံတွေးထွေးခဲ့တဲ့လုပ်ရပ်ကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ခြင်းကို ခံနေရတဲ့ မင်းထက်ဟာ ပရိသတ်တွေကို မလေးမစားပြုမူခဲ့တာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ မင်းထက်ရဲ့ လက်ရှိတရားဝင်ဇနီးမယားဖြစ်တဲ့စိုးနန္ဒာကျော်ဟာလည်း မင်းထက်ရဲ့ ရုံးချိန်းမှာအတူလာရောက်ခဲ့တာမို့ ဝေဖန်မှုတွေအချို့ဟာလည်း စိုးနန္ဒာကျော်ကို ရိုက်ခတ်မှုဖြစ်စေခဲ့ပါတယ်။ စိုးနန္ဒာကျော်ဟာ လူမှုကွန်ယက်ပေါ်မှာ သူမကို ဆိုးဆိုးဝါးဝါး ဝေဖန်တိုက်ခိုက်နေသူတွေကို သတိပေးလိုက်ပါသေးတယ်။
“အွန်လိုင်းကနေတိုက်ခိုက်ပြီးတော့ အပြစ်တင်ပြောဆိုတာတွေအများကြီးတွေ့တယ် အဲဒီထဲမှာ အဆိုးရွားဆုံးတွေကို နန္ဒာပြောချင်တယ်။ နန္ဒာ့ကို မယားငယ်မပါ၊ လင်ငယ်နေပါတယ်။ သူများရဲ့ရည်းစားကိုစနိုက်ကြော်နေပါတယ် ပြောနေတဲ့လူကိုနန္ဒာပြောချင်တယ် ရိုင်းတယ်လို့တော့မထင်ပါနဲ့ သူ့မှာပထမက မိန်းမလည်းမရှိခဲ့သလို သူတို့နှစ်ယောက် တွဲပြီးပျက်သွားတဲ့ ၉ လကျော် တစ်နှစ်အတွင်းကျတော့မှ သူနန္ဒာ့ကို Propose လုပ်ခဲ့တာ။
အဲဒီအချိန်ကျမှ နန္ဒာသူ့ကို အဖြေပေးခဲ့တာ။ အဲအတွက် သူတို့နှစ်ယောက် ဘာပတ်သက်မှုမှမရှိဘူး သမီးရည်းစားလိုတောင်မဟုတ်တော့တဲ့အခြေအနေကျမှ နန္ဒာသူ့ကို လက်ခံခဲ့တာ”
“နန္ဒာ့ကိုတရားဝင်ဇနီးမယားမရှိပါဘဲနဲ့ နန္ဒာတရားဝင်လက်ထက်ထားတဲ့သူကို မယားငယ်ပါလို့ပြောနေတာတွေ စနိုက်ကြော်ပါလို့ပြောနေတာတွေ ရပ်တန်းကရပ်စေချင်ပါတယ် မဟုတ်ရင် နန္ဒာလုပ်သင့်လုပ်ထိုက်တာတွေ အားလုံးကို လုပ်ပါမယ်။
အဲအတွက် နန္ဒာနောက်ဆုံးပြောချင်တာ နန္ဒာ့ရဲ့ လေသံမာလို့ နန္ဒာရိုင်းတယ်လို့ထင်ရင် နန္ဒာအားလုံးကိုတောင်းပန်ပါတယ်။ တခုပဲထပ်ပြောမယ် နန္ဒာမယားငယ်မဟုတ်ဘူး။ သူများရည်းစားကိုဖြတ်မလုခဲ့သလို စနိုက်ကြော်လည်းလုံးဝမဟုတ်ပါဘူး။

မာယာနဲ့ဟန်ဆောင်တာ မျက်ရည်နဲ့အသနားခံတာ တာရှည်ခံတာမဟုတ်ပါဘူး အဲတွက် နန္ဒာပြောချင်တာ နန္ဒာသည် ဘဝကိုရိုးသားစွာ လျှောက်လှမ်းခဲ့တယ်

ဖြတ်သန်းခဲ့တယ် ရှေ့ဆက်ပြီးတော့လည်း နန္ဒာ့ရဲ့ဘဝကိုရိုးသားစွာနဲ့ပဲ လျှောက်လှမ်းသွားမှာပါလို့ ပရိသတ်ကြီးကိုပြောချင်ပါတယ်။” We Love Cele

မှတ်ချက်-ပေါ်ပြူလာဂျာနယ်အင်တာဗျူးမှဖြေကြားချက်များကို ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Updates

Theme Editor by Seo v6