Skip to main content

မက္ကစီကိုက ကားသူခိုး အသုဘကားကိုခိုးတော့အလောင်းကြီးပါ ပါလာ

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက ကားသူခိုးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။ အဆိုပါ ကားသူခိုးဟာ လူသေအလောင်းရှိနေတဲ့ နာရေးကားကို ခိုးယူသွားတာ ဖြစ်ပါသတဲ့။ အသက် ၈၀ အရွယ် သေဆုံးသူရဲ့အလောင်းကို ဆေးရုံကနေ အသုဘရှုရင်ခွဲရုံကို ပို့ဆောင်ဖို့အတွက် အဆင်သင့် လုပ်ထားခဲ့တာဖြစ်တယ်လို့ တလာကေးပါကေးရဲဌာနက ထုတ်ပြန်ထားပါတယ်။ သော့တန်းလန်းနဲ့ ဖြစ်နေတဲ့ အသုဘကားကို အသက် ၄၀ အရွယ် ကားခိုးသူက ပြီးခဲ့တဲ့ သောကြာနေ့ညက ယူမောင်းသွားခဲ့တာ ဖြစ်ပါတယ်။

အဝေးပြေး လမ်းမကြီးအတိုင်း နာရေးကားကို မောင်းပြေးသွားပေမယ့် ရဲတွေက လိုက်လံဖမ်းဆီးရမိခဲ့ပါတယ်။ ကွယ်လွန်သူကိုရော အသုဘယာဉ်ကိုပါ ပြန်လည်ရရှိထားပြီး ဖြစ်ပါတယ်။ 


Updates

Theme Editor by Seo v6