Skip to main content

တာေမြၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည့္ လူသတ္မႈမွ ျပစ္မႈက်ဴးလြန္သူမ်ားအား ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႔က အခ်ိန္တို အတြင္းေဖာ္ထုတ္ဖမ္းဆီးရမိ

ရန္ကုန္၊ စက္တင္ဘာ ၁၂

၁၁.၉.၂၀၁၈ ရက္ေန႔ ညေန ၁၇၀၀ နာရီအခ်ိန္ တာေမြၿမိဳ႕နယ္၊
(က)ရပ္ကြက္ေန ေဒၚ---------၏ အတူေနသမီးျဖစ္သူ မ------- ႏွင့္
သမီး၏ခင္ပြန္းျဖစ္သူ ကတုံးမ(ခ) ေဇာ္ဟိန္းသူ၊ (၃၀)နွစ္တို႔သည္
က်ိဳကၠဆံလမ္းမေပၚရွိ ------- ကေလးကစားသည့္ဆိုင္တြင္ ဂိမ္းေဆာ့ရင္း
ဆိုင္ေရွ႕တြင္ ၎၏ ကေလးအား အနီးရွိ ကေလးတစ္ဦးမွ ကစားစရာ
ေသနတ္ျဖင့္ ဦးေခါင္းအား ထုေနေသာေၾကာင့္ မထုရန္ေျပာဆုိရာမွ
အဆိုပါကေလး၏ မိခင္ျဖစ္သူ ႏွင့္စကားမ်ားရန္ျဖစ္ခဲ့သည့္ ကိစၥႏွင့္
ပတ္သက္၍ ည ၂၂၁၅ နာရီအခ်ိန္ခန္႔တြင္ ၀င္းထြဋ္၀င္းဆိုသူမွ ေဒၚ-------
၏ ခင္ပြန္းျဖစ္သူ ဦး--------အား ဖုန္းဆက္၍ “မင္းတို႔ေစာက္ခ်ဳိးမေျပဘူး
မင္းတို႔ကိုလာခုတ္မယ္”ဟု ေျပာၾကားခဲ့ၿပီး ဖုန္းထဲတြင္ အျပန္အလွန္
စကားမ်ားခဲ့ေၾကာင္း၊ ယင္းေနာက္ ေဒၚ----တို႔မိသားစုမ်ားမွာ
တိုက္ေအာက္သုိ႔ဆင္းလာစဥ္ မ်က္ႏွာခ်င္းဆိုင္ လမ္းတစ္ဖက္တြင္
ကား (၃)စီးေမာင္းႏွင္ လာၿပီးရပ္တန္႔၍ ကားေပၚမွ လူတစ္စုဆင္းလာၿပီး
၎တို႔လက္ထဲတြင္ လွံ၊ ဓားမ်ားကိုင္ေဆာင္ကာ ေျပး၀င္ထုိးခုတ္မႈ
ေၾကာင့္ ေဒၚ---------၏ ခင္ပြန္းျဖစ္သူ ဦး------မွာ ယာလက္ထိုး
သြင္းဒဏ္ရာျဖင့္လည္းေကာင္း၊ ၎တို႔အိမ္မွ အလုပ္သမားျဖစ္သူ ကို----
တြင္ ၀ဲပခုံးထိုးသြင္းဒဏ္ရာ၊ ၀ဲမ်က္ရိုးထုိးသြင္းဒဏ္ရာ၊ ဦးေခါင္း
ေနာက္ေစ့ ျပတ္ရွဒဏ္ရာမ်ားျဖင့္လည္းေကာင္း၊ သမက္ျဖစ္သူ
ကတုံးမ(ခ)ေဇာ္ဟိန္းသူမွာ ဦးေခါင္း ေနာက္ေစ့ျပတ္ရွ ဒဏ္ရာ၊
၀ဲမ်က္ခုံးဖူးေရာင္ဒဏ္ရာ၊ ၀ဲမ်က္လုံးျပတ္ရွဒဏ္ရာ၊ ရင္ညြန္႔ထုိးသြင္း
ဒဏ္ရာ၊ ၀ဲနံေဘးထိုးသြင္းဒဏ္ရာ၊ ေက်ာကုန္း၀ဲဘက္ထိုးသြင္းဒဏ္ရာ၊
ယာေပါင္ျပတ္ရွဒဏ္ရာမ်ားျဖင့္ ရန္ကုန္ျပည္သူ႔ ေဆးရုံႀကီးသုိ႔ ပို႔ေဆာင္
စဥ္ သမက္ျဖစ္သူ ကတုံးမ(ခ)ေဇာ္ဟိန္းသူမွာ လမ္း၌ေသဆုံးသြားၿပီး
ခင္ပြန္းျဖစ္သူနွင့္ အလုပ္သမားျဖစ္သူတို႔မွာ ေဆးရုံတြင္ ကုသလ်က္ရွိ
သျဖင့္ နာက်င္ဒဏ္ရာမ်ားရရွိေအာင္ျပဳလုပ္သူႏွင့္ သမက္ျဖစ္သူအား
ေသဆုံးေအာင္ ျပဳလုပ္သူတို႔အား အေရးယူေပးရန္ တိုင္ၾကားသျဖင့္
တာေမြၿမိဳ႕မရဲစခန္း (ပ)၈၈၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၂၆/၁၁၄
ျဖင့္ အမႈဖြင့္လွစ္ၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ စုံစမ္းခဲ့ပါသည္။
ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး
ရဲတပ္ဖြဲ႔မွဴး၏ ညႊန္ၾကားခ်က္နွင့္ အေရွ႕ပိုင္းခရိုင္ရဲတပ္ဖြဲ႔မွဴး၏ အနီးကပ္
ႀကီးၾကပ္မႈျဖင့္ အေရွ႕ပိုင္းခရိုင္ရဲတပ္ဖြဲ႔မွဴးရုံး၊ မႈခင္းနွိမ္နင္းေရးဌာနစုမွ
တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔မွ အခင္းျဖစ္ေနရာသုိ႔ သြားေရာက္စစ္ေဆး
ရာ အခင္းျဖစ္ေနရာရွိ ျပစ္မႈက်ဴးလြန္ သူမ်ားက်န္ရွိခ့ဲေသာ DD/--------
Toyota Succeed အျပာေရာင္အငွားယာဥ္ေပၚမွ ဓားရွည္(၉)ေခ်ာင္း၊
ဓားတို(၂)ေခ်ာင္း၊ လွံ (၂)ေခ်ာင္း၊ ေပါက္စိန္ (၁)လက္၊ သံလက္သီး
ကြင္း(၁)ခုႏွင့္ တာေမြယာယီေစ်းေရွ႕ အမႈိက္ပုံအနီးမွ ဓားရွည္ ၂ ေခ်ာင္း၊
တာေမြယာယီေစ်းေနာက္ လူ၀င္ေပါက္အနီးမွ ဓားရွည္(၂) ေခ်ာင္းတို႔အား
အသီးသီးေတြ႕ရွိ သိမ္းဆည္းရမိခဲ့ပါသည္။
ဆက္လက္၍ ည ၂၃၂၅ နာရီအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊
(၂၆)ရပ္ကြက္၊ ျပည္ေထာင္စုလမ္း မေပၚတြင္ AA/-------- Toyota
Caldina အငွားယာဥ္ေပၚမွ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊
(၂၂)ရပ္ကြက္ေန ျဖဴတုတ္(ခ)သိန္းေထြး၊ (၄၀)နွစ္အား ရန္ျဖစ္စဥ္တြင္
ရရိွေသာ ၀ဲလက္ဖ၀ါး ျပတ္ရွဒဏ္ရာျဖင့္လည္းေကာင္း၊ သာေကတ
ၿမိဳ႕နယ္၊ (၈)ရပ္ကြက္ေန သံဗုေဒၶ(ခ)၀င္းႏိုင္၊ (၄၁)ႏွစ္၊ ဒဂုံၿမိဳ႕သစ္
(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၂၂)ရပ္ကြက္ေန သီဟေအာင္၊(၃၅)နွစ္၊
ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၉၄)ရပ္ကြက္ေန ယဥ္မိုး(ခ)မိုးႀကီး၊
(၄၁)နွစ္တို႔အား ဖမ္းဆီးရမိခ့ဲၿပီးေနာက္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊
(၇၇)ရပ္ကြက္ေန ၀င္းျမင့္၊ (၄၂)နွစ္မွာ 7J/-------- Toyota Alphard
အျဖဴေရာင္ယာဥ္ႏွင့္ ထြက္ေျပးေသာေၾကာင့္ ရဲတပ္ဖြဲ႔၀င္မ်ားမွ လိုက္လံ
ဖမ္းဆီးရာ ည ၂၃၃၀ နာရီအခ်ိန္တြင္ သာေကတၿမိဳ႕နယ္၊ (၉)ရပ္ကြက္၊
န၀ရတ္လမ္းေပၚတြင္ ကားရပ္၍ ကားေပၚမွ ဆင္းလာၿပီး ျပန္လည္ခုခံ
သျဖင့္ ပန္႔အက္ရွင္ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ၎၏ ေက်ာကုန္း
ႏွင့္ လက္ေမာင္းနွစ္ဖက္တြင္ ဒဏ္ရာမ်ားရရွိၿပီး ဖမ္းဆီးရမိခဲ့သည္။
၎ေနာက္ ၁၂.၉.၂၀၁၈ ရက္ေန႔ နံနက္ ၀၀၅၀ နာရီအခ်ိန္တြင္
သာေကတၿမိဳ႕နယ္၊ ၁၀/ေျမာက္ရပ္ကြက္ေန သိန္းထိုက္ေအာင္(ခ)
အန္းကုန္း၊ (၂၉)ႏွစ္၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၁၆၈)ရပ္ကြက္ေန
မင္းေအာင္၊ (၄၂) ႏွစ္တို႔အား ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊
(၅၆)ရပ္ကြက္၊ မဂၤလာလမ္းေပၚတြင္လည္းေကာင္း၊ ယင္းေန႔ နံနက္
၀၂၀၅ နာရီအခ်ိန္ သာေကတၿမိဳ႕နယ္၊ (၈)ရပ္ကြက္ေန ၀င္းထြဋ္၀င္း၊
(၄၂)နွစ္အား ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း) ၿမိဳ႕နယ္၊ (၆၇)ရပ္ကြက္၊ ရထားသံ
လမ္းအနီး၊ ေဗလု၀ေကြ႔တြင္လည္းေကာင္း အသီးသီးဖမ္းဆီးရမိခဲ့
ပါသည္။

ဖမ္းဆီးရမိသူမ်ားျဖစ္သည့္ ၀င္းထြဋ္၀င္းပါ (၈)ဦးတို႔အား ျပစ္မႈက်ဴးလြန္ရာ
တြင္အသုံးျပဳသည့္ သက္ေသခံ ပစၥည္းမ်ားႏွင့္ ျပန္လည္သိမ္းဆည္းႏိုင္ခဲ့
ၿပီး ၎တို႔အား ဥပေဒႏွင့္အညီ ဆက္လက္အေရးယူသြားမည္ျဖစ္
ေၾကာင္း သတင္းရရွိသည္။

(Unicode)

တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများအား
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အချိန်တို အတွင်းဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁၂

၁၁.၉.၂၀၁၈ ရက်နေ့ ညနေ ၁၇၀ဝ နာရီအချိန် တာမွေမြို့နယ်၊
(က)ရပ်ကွက်နေ ဒေါ်---------၏ အတူနေသမီးဖြစ်သူ မ------- နှင့်
သမီး၏ခင်ပွန်းဖြစ်သူ ကတုံးမ(ခ) ဇော်ဟိန်းသူ၊ (၃၀)နှစ်တို့သည်
ကျိုက္ကဆံလမ်းမပေါ်ရှိ ------- ကလေးကစားသည့်ဆိုင်တွင် ဂိမ်းဆော့ရင်း
ဆိုင်ရှေ့တွင် ၎င်း၏ ကလေးအား အနီးရှိ ကလေးတစ်ဦးမှ ကစားစရာ
သေနတ်ဖြင့် ဦးခေါင်းအား ထုနေသောကြောင့် မထုရန်ပြောဆိုရာမှ
အဆိုပါကလေး၏ မိခင်ဖြစ်သူ နှင့်စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်
ပတ်သက်၍ ည ၂၂၁၅ နာရီအချိန်ခန့်တွင် ဝင်းထွဋ်ဝင်းဆိုသူမှ ဒေါ်-------
၏ ခင်ပွန်းဖြစ်သူ ဦး--------အား ဖုန်းဆက်၍ “မင်းတို့စောက်ချိုးမပြေဘူး
မင်းတို့ကိုလာခုတ်မယ်”ဟု ပြောကြားခဲ့ပြီး ဖုန်းထဲတွင် အပြန်အလှန်
စကားများခဲ့ကြောင်း၊ ယင်းနောက် ဒေါ်----တို့မိသားစုများမှာ
တိုက်အောက်သို့ဆင်းလာစဉ် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်တွင်
ကား (၃)စီးမောင်းနှင် လာပြီးရပ်တန့်၍ ကားပေါ်မှ လူတစ်စုဆင်းလာပြီး
၎င်းတို့လက်ထဲတွင် လှံ၊ ဓားများကိုင်ဆောင်ကာ ပြေးဝင်ထိုးခုတ်မှု
ကြောင့် ဒေါ်---------၏ ခင်ပွန်းဖြစ်သူ ဦး------မှာ ယာလက်ထိုး
သွင်းဒဏ်ရာဖြင့်လည်းကောင်း၊ ၎င်းတို့အိမ်မှ အလုပ်သမားဖြစ်သူ ကို----
တွင် ဝဲပခုံးထိုးသွင်းဒဏ်ရာ၊ ဝဲမျက်ရိုးထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း
နောက်စေ့ ပြတ်ရှဒဏ်ရာများဖြင့်လည်းကောင်း၊ သမက်ဖြစ်သူ
ကတုံးမ(ခ)ဇော်ဟိန်းသူမှာ ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊
ဝဲမျက်ခုံးဖူးရောင်ဒဏ်ရာ၊ ဝဲမျက်လုံးပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်း
ဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ကျောကုန်းဝဲဘက်ထိုးသွင်းဒဏ်ရာ၊
ယာပေါင်ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်
စဉ် သမက်ဖြစ်သူ ကတုံးမ(ခ)ဇော်ဟိန်းသူမှာ လမ်း၌သေဆုံးသွားပြီး
ခင်ပွန်းဖြစ်သူနှင့် အလုပ်သမားဖြစ်သူတို့မှာ ဆေးရုံတွင် ကုသလျက်ရှိ
သဖြင့် နာကျင်ဒဏ်ရာများရရှိအောင်ပြုလုပ်သူနှင့် သမက်ဖြစ်သူအား
သေဆုံးအောင် ပြုလုပ်သူတို့အား အရေးယူပေးရန် တိုင်ကြားသဖြင့်
တာမွေမြို့မရဲစခန်း (ပ)၈၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄
ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်နှင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်
ကြီးကြပ်မှုဖြင့် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ
တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေး
ရာ အခင်းဖြစ်နေရာရှိ ပြစ်မှုကျူးလွန် သူများကျန်ရှိခဲ့သော DD/--------
Toyota Succeed အပြာရောင်အငှားယာဉ်ပေါ်မှ ဓားရှည်(၉)ချောင်း၊
ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီး
ကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊
တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့အား
အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပါသည်။

ဆက်လက်၍ ည ၂၃၂၅ နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မပေါ်တွင် AA/-------- Toyota
Caldina အငှားယာဉ်ပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၂၂)ရပ်ကွက်နေ ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀)နှစ်အား ရန်ဖြစ်စဉ်တွင်
ရရှိသော ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ သာကေတ
မြို့နယ်၊ (၈)ရပ်ကွက်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ (၄၁)နှစ်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်၊ (၂၂)ရပ်ကွက်နေ သီဟအောင်၊(၃၅)နှစ်၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး၊
(၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီးနောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ 7J/-------- Toyota Alphard
အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ
ဖမ်းဆီးရာ ည ၂၃၃၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊
နဝရတ်လမ်းပေါ်တွင် ကားရပ်၍ ကားပေါ်မှ ဆင်းလာပြီး ပြန်လည်ခုခံ
သဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်း
နှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့သည်။

၎င်းနောက် ၁၂.၉.၂၀၁၈ ရက်နေ့ နံနက် ဝ၀၅၀ နာရီအချိန်တွင်
သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်နေ သိန်းထိုက်အောင်(ခ)
အန်းကုန်း၊ (၂၉)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်နေ
မင်းအောင်၊ (၄၂) နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊
(၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင်လည်းကောင်း၊ ယင်းနေ့ နံနက်
ဝ၂၀၅ နာရီအချိန် သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ ဝင်းထွဋ်ဝင်း၊
(၄၂)နှစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံ
လမ်းအနီး၊ ဗေလုဝကွေ့တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့
ပါသည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ဝင်းထွဋ်ဝင်းပါ (၈)ဦးတို့အား ပြစ်မှုကျူးလွန်ရာ
တွင်အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့
ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်
ကြောင်း သတင်းရရှိသည်။

Credit - Yangon Police

Updates

Theme Editor by Seo v6