ပရိသတ်ကြီးရေ မင်းသမီးလေး ရွှေမှုန်ရတီကတော့ အသက်ငယ်ငယ်လေးနဲ့ အနုပညာလောကမှာ ထိပ်ဆုံးနေရာက ရပ်တည်နေသူ ဖြစ်ပါတယ်၊၊ စင်တင်မင်းသမီးလေးဘဝကနေ အနုပညာလောကကို အခြေချခဲ့တဲ့ ရွှေမှုန်က ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးခဲ့ရပြီး အခုချိန်မှာတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ရုပ်ရှင်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်၊၊အချေမင်းသမီးလို့ အားလုံးက တင်စားကြတဲ့ ရွှေမှုန်က အခုလည်း သူမရဲ့အလန်းစားပုံရိပ်လေးတွေကို တင်ထားပါတယ်။
လတ်တလောမှာ ရွှေမှုန်က ဇာတ်ကားတွေရိုက်ကူးနေရပြီး ချစ်သူရွှေထူးနဲ့ပတ်သက်လို့လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အများဆုံးရရှိထားတာ ဖြစ်ပါတယ်၊၊ ရွှေရွှေစုံတွဲလို့ အမည်ပေးထားတဲ့ သူတို့စုံတွဲလေးက ချစ်သူသက်တမ်းတစ်လပြည့်ခဲ့ပြီဖြစ်သလို ဝေဖန်မှုတွေကြားက အချစ်တွေခိုင်မြဲစွာနဲ့ ချစ်နေကြတာ ဖြစ်ပါတယ်၊၊ အခုလည်း ရွှေမှုန်က ''All eyes on you ''ဆိုတဲ့စာသားလေးနဲ့အတူ သူမရဲ့အပြင်းစားအလှပုံလေးတွေကို တင်ထားပါတယ်။
အပြတ်အသတ်ကို လန်းနေတဲ့ ရွှေမှုန်ရဲ့အမိုက်စားပုံရိပ်တွေကတော့ မြင်သူတိုင်းရင်ကို ထိမှန်စေမှာ အမှန်ဖြစ်ပါတယ်။ အထာကျကျရိုက်ကူးထားတဲ့ သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှပုံလေးတွေက Lush Magazine အတွက် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါတယ်၊၊ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ရွှေမှုန်ရတီရဲ့ အလန်းစားဆိုမှ အလန်းစားလှနေတဲ့ ကြွေချင်စရာပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source: Shwe Hmone Yati;