အမျိုးသားများမိမိဘဝရဲ့ လက်တွဲဖော်ကို အလွယ်တကူ ရှာဖွေလိုပါသလား? ဒါဆိုရင်တော့ အိုင်စလန်နိုင်ငံကို အရောက်သွားလိုက်ပါ။ အဲ့ဒီ့နိုင်ငံမှာ လှပျိုဖြူလေးတွေကို လွယ်လင့်တကူ လက်ထပ်လို့ရပါတယ်တဲ့။ ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။သူဟာ ဥရောပမှာ ကျွန်းစုသေးသေးလေး အနေဖြင့် တည်ရှိပြီး လှပတဲ့ရှုခင်းတွေနဲ့ သင့်တင့်တဲ့အပူချိန်ကိုလဲ ပေးစွမ်းနိုင်ပါတယ်။ နိုင်ငံရဲ့ အလှတရားကတော့ အိုင်စလန်နိုငံသူလေးတွေဟာ အရမ်းကိုလှပပြီး ဆွဲဆောင်မှုအပြည့်ရှိကြပါတယ်။ ထုတ်ပြန်ချက်တွေအရ နိုင်ငံရဲ့ အစိုးရဟာ Foreigners (အခြားနိုင်ငံမှအမျိုးသားတွေ) ကို သူတို့ရဲ့အိုင်စလန်နိုင်ငံသူကိုယူဖို့ ဒေါ်လာ (၂၀၀၀) ပေးမှာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ လူဦးရေဟာ အရမ်းကိုနည်းပါးပြီး (၂၀၁၆) ခုနှစ်မှာ လူပေါင်း (၃၃၄၂၅၂) ယောက်လောက်ပဲ ဒီကျွန်းလေးပေါ်မှာ နေထိုင်ကြပါတယ်တဲ့။ အိုင်စလန်အစိုးရဟာ နိုင်ငံခြားသားတွေကို သူတို့ရဲ့အိုင်စလန်အမျိုးသမီးတွေနဲ့ လက်ထပ်စေချင်ပါတယ်တဲ့။ အဲ့လိုလက်ထပ်တဲ့အခါမှာ အလကားမဟုတ်ဘဲ ဒေါ်လာ(၂၀၀၀) လဲ ပေးဦးမှာပါတဲ့။ ဒီကျွန်းမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုမိုများပြားနေတာကြောင့် အစိုးရက ( Single Women ) မိန်းမပျိုအရေအတွက် များနေခြင်းကို လျှော့ချစေချင်ခဲ့ပါတယ်။ ဒါဟာ ( Single man )လူပျိုလူလွတ်တွေအတွက် တော့ အကောင်းဆုံးနိုင်ငံတစ်ခုပေါ့။ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒိန်းမတ်သံရုံးအဖွဲ့ဟာ အိုင်စလန်နိုင်ငံအမျိုးသမီးတွေကို လက်ထပ်ချင်သူတွေအတွက် လျှောက်လွှာတွေထုတ်ခဲ့ပါတယ်။
အဲ့လိုလျှောက်လွှာတွေပို့တဲ့အခါ ကမ္ဘာ့ တစ်ဝှမ်းလုံးကပို့တာဖြစ်တာကြောင့် လျှောက်လွှာအရေအတွက်တွေဟာ အရမ်းကို များပြားခဲ့ပါတယ်။ အစိုးရလဲ ဆုံးဖြတ်ဖို့ခက်ခဲသွားခဲ့ပြီးနောက် ကမ်းလှမ်းမှုတွေကြောင့် အိုင်စလန် နိုင်ငံမှာ ပြဿနာတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ကမ်းလှမ်းမှုလျှောက်လွှာအရေအတွက်တွေဟာ အိုင်စလန်မိနိးမပျိုဦးရေထက် အဆမတန်များပြားခဲ့ပြီး ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာ့တစ်ဝှမ်းလုံးမှ လက်ထပ်ချင်တဲ့ အမျိုးသားတွေဟာ မက်ဆေ့တွေ ဆက်တိုက်မြောက်များစွာ ပို့ခဲ့ကြပါတယ်။ အိုင်စလန်နိုင်ငံကမိန်းမပျိုတွေဟာ ယောက်ျားတွေဟာသူတို့ကို ပစ္စည်းဥစ္စာတစ်ခုအနေနဲ့ လွယ်လွယ်ကူကူရနိုင်သလို ဖြစ်နေတာကြောင့် စိတ်ထိခိုက်ခဲ့ကြ ရပါတယ်။(၂၀၁၆) နွေရာသီအစောပိုင်းကာလမှာ အစိုးရက ” ကျွန်တော်တို့ရဲ့ ဒီကိစ္စအပေါ်အာရုံစိုက်မှုဟာ အရေးကြီးကောင်း ကြီးပါလိမ့်မယ် အမျိုးသမီးသမီးဦးရေဟာ အမျိုးသားဦးရေထက် အချိုးအဆများနေခြင်းကြောင့် ဒီလိုစီစဉ်ရခြင်းဖြစ်ပြီး အခုအခါမှာ တလကို နိုင်ငံခြားသားလူမျိုးစုတစ်ခုစီ လက်ထပ်ခွင့်ရနိုင်ပြီး လက်ထပ်ခွင့်ရသူတွေကိုလဲ ဒေါ်လာ (၂၀၀၀)ပေးမယ် ” ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။
တချို့သူတွေဟာ ဒီကမ်းလှမ်းချက်နဲ့ပတ်သတ်ပြီး သံသယဖြစ်ခဲ့ကြပါတယ်။ ပထမဦးစွာအစိုးရဟာ သူတို့ရဲ့ လူမျိုးအချင်းချင်း မြောက်ပိုင်း အမေရိကန်လူမျိုးကို ရွေးချယ် လိုက်ပါတယ်။အဲ့ဒီအခါမှာ လူတွေဟာ သူတို့ကို လှည့်စားတယ်ဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဒါပေမဲ့ စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ Alaska ( အလာစကာ ) ဆိုတဲ့ နေရာတစ်ခုလဲရှိပါသေးတယ်တဲ့။ဒါပေမဲ့ အဲ့နေရာဟာ အရမ်းကိုဝေးလံတဲ့ ရေခဲဒေသတစ်ခု ပါတဲ့။ နေထိုင်တဲ့သူတွေဟာ တစ်နှစ်ကိုဒေါ်လာ(၁၂၀၀) ကနေ(၃၂၆၉) ထိရကြပါတယ်တဲ့။
Cool
MyanmarNote