ရန်ကုန်၊စက်တင်ဘာ-၁၃
ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၊၄လမ်း
ထိပ် အုန်းနဲပင်တွင်လူအများကိုးကွယ်ထားရှိသော ရုက္ခစိုး ရုပ်ထု လူခိုးခံလိုက်ရကြောင်း အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အဆိုပါ ရုက္ခစိုးရုပ်ထုမှာ ကာလတန်ဖိုးအားဖြင့် မြန်မာငွေကျပ်
၂၀၀၀၀ကျော်တန်ကြေးရှိပြီး မည်သည့်အချိန်ကခိုးယူခံလိုက်ရ
သည်ကိုသတိမထားမိဘဲစက်တင်ဘာ၁၃ရက်ရောက်မှ ရပ်ကွက်နေ
ပြည်သူများကသိရှိသွားခြင်းဖြစ်ကြောင်း၎လမ်းတွင်နေထိုင်သူ
အသက်၆၀နီးပါးရှိသည့်အဖွားအိုကပြောသည်။
"ဘယ်သူခိုးသွားတယ်မသိပါဘူးအေ၊အခုမှသိရတာ၊
အဲဒီရုပ်ထုက နှစ်သောင်းကျော် ပေးရတာ၊ စိတ်ထဲ မကောင်းဘူး၊ခိုးစရာရှားလို့အေ"ဟု ၄င်းကပြောသည်။
အဆိုပါ ရုက္ခစိုးရုပ်ထု ပျောက်ဆုံးမှုအတွက် ရပ်ကွက်နေပြည်သူအချို့က နတ်တန်ခိုးဖြင့် ကောင်းကင်သို့ပျံတက်သွားခြင်းဖြစ်နိုင်ကြောင်း၊ အမူးသမားတစ်ဦးက အရက်ဖိုးမရှိ၍ခိုးယူခြင်းဖြစ်နိုင် ကြောင်းနှင့်ရုက္ခစိုးကိုမကျေနပ်သူများက ခိုးယူခြင်း လည်းဖြစ်နိုင်ကြောင်း ဝေဖန်ပြောဆိုလျှက် ရှိနေကြသည်။
သတင်း၊ဓာတ်ပုံ -ကိုငှက်ခါး