Credit:Original Uploader
#Unicode
အုတ်ဂူကို iPhone ပုံစံထားပေးပါလို့ နောက်ဆုံးဆန္ဒအဖြစ် တောင်းဆိုခဲ့တဲ့ ရုရှားမလေး
September 28, 2018
သေဆုံးသွားတဲ့ ရုရှားအမျိုးသမီးတစ်ယောက်ရဲ့ အုတ်ဂူကျောက်တိုင်ဟာ (၅) ပေရှည်တဲ့ iPhone ပုံစံ ကျောက်တိုင်ကြီးဖြစ်နေတာကို ထူးဆန်းစွာနဲ့ တွေ့ရပါတယ်။အသက် (၂၅) နှစ်အရွယ် Rita Shameva ဟာ အမြဲတမ်းလိုလိုခရီးသွားနေခဲ့ပြီး ဂျာမနီနိုင်ငံသား မိတ်ဆွေတွေအများဆုံးရှိနေခဲ့ပါတယ်။ Rita သေဆုံးသွားတဲ့ အကြောင်းအရင်းအတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် လူတိုင်းဟာ သူမရဲ့ ထူးဆန်းတဲ့အုတ်ဂူကိုပဲ အာရုံစိုက်နေကြပါတယ်။
သူမရဲ့အုတ်ဂူဟာ ရုရှားနိုင်ငံ Ufa မြို့ရဲ့ Yuzhnoye သင်္ချိုင်းမှာတည်ရှိနေပါတယ်။ Rita ရဲ့ဖခင်ဟာ Rita မသေဆုံးခင်က ဆန္ဒအတိုင်း Rita ရဲ့အုတ်ရူကျောက်တိုင်ကို iPhone ပုံစံအတိုင်း အတိအကျပြုလုပ်ပေးခဲ့ပါတယ်။ iPhone ပုံကျောက်တိုင်အပ်တဲ့ကိစ္စကို Rita ရဲ့ အစ်ကိုဖြစ်သူတောင် မသိခဲ့ရပါဘူး။
တစ်နေ့ အုတ်ဂူဆီသွားတဲ့အချိန်ကျမှ (၅) ပေလောက်မြင့်တဲ့ အမေရိကန် စမတ်ဖုန်းကြီးကို အုတ်ဂူပေါ်မြင်လိုက်လို့ သူ့ကိုယ်သူ အမြင်တွေမှားနေတယ်လို့တောင် ဖြစ်ခဲ့ရတယ်လို့ အစ်ကိုဖြစ်သူက ဆိုပါတယ်။ နောက် သေချာကြည့်လိုက်တော့မှ ကျောက်သားတွေနဲ့ သေချာထွင်းထုထားတဲ့ မှတ်ကျောက်တိုင်ဖြစ်နေတယ်လို့ အင်တာဗျူးမှာဖြေထားပါတယ်။
အဲဒီကျောက်တိုင်ရဲ့ဘေးမှာ QR Code လေးတောင် ပါပါသေးတယ်။
ဒီကျောက်တိုင်ဟာ အသုဘပစ္စည်းတွေရောင်းတဲ့ Siberian ကုမ္ပဏီက လက်ရာဖြစ်ပြီး Rita အုတ်ဂူရဲ့ မှတ်ကျောက်တိုင်ကို လူသိများလာတဲ့နဲ့တကွ သူတို့ဆီကို ပုံမှန်မဟုတ်တဲ့ မှတ်ကျောက်တိုင်ဒီဇိုင်းတွေ အပ်လာကြတယ်လို့ သိရပါတယ်။