မြန်မာနိုင်ငံထုတ် အမှတ်တံဆိပ်ပါဝင်တဲ့ ဝီစကီပုလင်းများတွင် လူသားအတွက် အန္တရာယ်ဖြစ်စေတဲ့ Methanol ဓာတ်တွေ့ရှိကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲ့၌ မလေးရှားနိုင်ငံ၊ ဆဲင်တိုလ်ခရိုင် ရဲတပ်ဖွဲ့အကြီးကဲ R. Munusamy က ပြောပါတယ်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှ ယနေ့အထိ အရက်အဆိပ်သင့်မှုကြောင့် လူ ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ကျော်ဟာ ဆေးရုံးရောက်သို့ ကုသနေပါတယ်။
“အရက်အဆိပ်သင့်ပြီး သေဆုံးသူများဟာ Klang Valley ရှိအရက်ဆိုင်များမှ Mandalay Whiskey, Grand Royal Whiskey နှင့် Kingfisher Beer များကို ဝယ်ယူသောက်သုံးခဲ့တယ်” ဟု R. Munusamy ကပြောပြသည်။
Klang Valley ရှိအရက်ဆိုင်များမှ Grand Royal ပုလင်း ၁၈ လုံးနှင့် Mandalay Whiskey ပုလင်း ၅ လုံးကို သိမ်းယူပြီး ကျမ်းမာရေးတာဝန်ရှိပုဂ္ဂိုလ်များက စစ်ဆေးခဲ့ရာ အဆိုပါအရက်များတွင် Methanol ဓာတ်ပါဝင်ကြောင်း တွေ့ရှိခဲ့ပါသည်။
Methanol (MeOH) ဟာ Carbon Monoxide နဲ့ Hydrogen ဓာတ်ပြုမိရာမှ ဖြစ်ပေါ်လာတဲ့ အရောင်မရှိ၊ အငွေ့ပြန့်လွယ်ပြီး လောင်ကြွမ်းစေသော အဆိပ်ဓာတ်တစ်မျိုးဖြစ်ပါတယ်။
မလေးရှား ကျမ်းမာရေးဝန်ကြီး Dr Dzulkefly Ahmad က “ဒီအရက်များဟာ စားသောက်ကုန်ပစ္စည်းဥပဒေတွေနဲ့လည်း မညီဘူး၊ ယခုချိန်ထိ အရက်ပုလင်း ၂၉၁ လုံးကို ကျတော်တို့သိမ်းယူခဲ့ပြီး အရက်ရောင်းသူ လူ ၉ ယောက်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်” ဟုဆိုပါတယ်။
ဒါပေမယ့် တစ်ပတ်အတွင်း လူ ၂၁ ယောက်ကို သေဆုံးစေခဲ့တဲ့ မြန်မာနိုင်ငံထုတ် အမှတ်တံဆိပ်ပါ အဆိုပါဝီစကီများဟာ မြန်မာပြည်တွင်းမှ ထုတ်လုပ်ခဲ့တဲ့အရက်များ ဟုပ်မဟုပ်တော့ သေချာစွာမသိရှိသေးပါဘူး။—NST, The Star Online