Skip to main content

ပျောက်ဆုံးနေသော MH-370 လေယာဉ်ကြီးကို ကမ္ဘောဒီးယားတောနက်ကြီးထဲတွင် ရှာဖွေနေ

နည်းပညာကျွမ်းကျင်ပညာရှင်တစ် ဦးဖြစ်သော အီရန်ဝီလ်ဆင်က MH370 မလေးရှားလေယာဉ်ပျက်ကြီးကို Google Maps ဖြင့် ကမ္ဘောဒီးယားတောနက်ကြီးထဲ ၌ရှာဖွေတွေ့ရှိခဲ့သည်ဟုဆိုခဲ့ပြီးနောက် ၎င်းကိုယ်တိုင်သွားရောက်ရှာဖွေမည်ဖြစ် သည်ဟု သိရသည်။

ဖနွမ်ဖန်မြို့၏ အနောက်ဘက် တောင်တန်းပေါ်တွင် လမ်းပြတစ်ဦး၏အ ကူအညီဖြင့် သုံးရက်ကြာအောင် MH370 လေယာဉ်ကြီးကိုရှာဖွေသွားမည်ဖြစ် သည်။ကမ္ဘောဒီးယားတောနက်ကြီးအ တွင်း လေယာဉ်ကြီး ရှိနေသည်ဟုဆိုခဲ့ သည့် Unicorn Aerospace တည် ထောင်သူမိုင်လင်းကလည်း အချိန်ကာ လအားဖြင့် လေးနှစ်ကျော်ကြာမြင့်သွား ပြီဖြစ်သည့်အတွက် မြေပြင်တွင် သစ်ပင် များဖြင့်ဖုံးအုပ်နေနိုင်သည့် အရာတစ်ခု ကို ရဟတ်ယာဉ်ဖြင့်ရှာဖွေရန်မဖြစ်နိုင်ဘဲ ခြေ လျင်တောနင်းရှာဖွေရန်လိုအပ်သည်ဟု ဆိုခဲ့သည်။
Google Maps တွင်ရှာဖွေ တွေ့ရှိသည့်နေရာ၏ ပတ်ပတ်လည်သုံး မိုင်ခန့်ကိုရှာဖွေရမည်ဖြစ်ပြီး အဆိုပါနေ ရာမှာလည်း ရဟတ်ယာဉ်ဆင်းရန်မဖြစ် နိုင်သည့်အတွက် အီရန်ဝီလ်ဆင်မှာ လမ်း ပြတစ်ဦးဖြင့် ခြေလျင်ခရီးကြမ်းနှင်ရမည် ဖြစ်သည်။ Google Maps မှမြင်တွေ့ခဲ့ သည့်တောအုပ်ကြီးထဲမှ လေယာဉ်သည် ပေ ၂၃၀ ခန့်အရှည်ရှိသည့်အတွက် MH370 ဘိုးရင်း ရ၇၇-၂၀၀ လေယာဉ် ကြီးထက် အနည်းငယ်ပိုမိုရှည်လျားနေ သည်ဆို၏။

(DM,15.9.18) အေးယုနိုင်

Updates

Theme Editor by Seo v6