Skip to main content

ယောကျာ်းလေးတွေက မိန်းကလေး တစ်ယောက်ကိုမြင်ရင်ဘာကိုအရင်ကြည့်လဲ

အရင်ဆုံး မျက်လုံးကို စကြည့်ကြတာပါတဲ့။ မျက်လုံးလှတဲ့ မိန်းကလေး၊ အကြည့်တွေမှာ ခံစားချက် လှလှလေးတွေ ပါနေတဲ့ မိန်းကလေးတွေဆို မြင်မြင်ချင်း ချစ်မိကြပါတယ်တဲ့။

ဘယ်လို အလှတရားတွေ အဲ့မိန်းကလေးမှာ ရှိနေလို့ စိတ်ဝင်စားတာများလဲ

မိန်းကလေးတွေဆီမှာ ယောက်ျားလေးတွေ စိတ်ဝင်စားတာ ဘာတွေများရှိသလဲ။ မိန်းကလေး တစ်ယောက်ကို ယောက်ျားလေး တစ်ယောက်က စပြီး စိတ်ဝင်စားရင်ရော ဘယ်လို အလှတရားတွေ အဲ့မိန်းကလေးမှာ ရှိနေလို့ စိတ်ဝင်စားတာများလဲ။ တစ်ချို့တွေကတော့ မျက်နှာလှတဲ့ မိန်းကလေးတွေက စန်းပွင့်ကြတယ်လို့ လက်ခံကြပြီး တစ်ချို့တွေကတော့ ကိုယ်လုံးလှတဲ့ မိန်းကလေးတွေကို လူကြိုက်များကြတယ်လို့ ပြောလေ့ရှိပါတယ်။

ဒီလိုမျိုး ကွဲပြားတဲ့ အယူအဆတွေရှိတဲ့အတွက် တကယ့်အစစ်အမှန်က ဘာလဲဆိုတာ မိန်းကလေးတို့ သိချင်ကြမှာပဲနော်။ ဒါကြောင့် ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ ဘယ်အလှအပကို ပိုကြိုက်ပြီး အရင်ဆုံးကြည့်သလဲဆိုတာ ပြောပြပေးမယ်လေ။

မျက်လုံးနဲ့ အပြုံးလေး

နံပါတ်(၁) – မျက်လုံး

ယောက်ျားလေး တစ်ယောက်က မိန်းကလေးတစ်ယောက်ကို စကြည့်ပြီ ဆိုရင် အရင်ဆုံး မျက်လုံးကို စကြည့်ကြတာပါတဲ့။ မျက်လုံးလှတဲ့ မိန်းကလေး၊ အကြည့်တွေမှာ ခံစားချက် လှလှလေးတွေ ပါနေတဲ့ မိန်းကလေးတွေဆို မြင်မြင်ချင်း ချစ်မိကြပါတယ်တဲ့။

နံပါတ်(၂) – အပြုံး

ပြီးရင်တော့ အပြုံးလေးတွေကို သတိထားပြီး ခံစားကြတာပါ။ လှလှလေး ပြုံးပြတတ်ရုံနဲ့ ကိုကိုတို့ ရူးသွားနိုင်တယ်နော်။

ပုရိသတို့ရဲ့ အာရုံစိုက်မှု ခံရတဲ့ အမှတ်စဉ် နံပါတ်(၃)ပဲ ဖြစ်ပါတယ်
နံပါတ်(၃) – ရင်သား

မိန်းကလေး တစ်ယောက်ရဲ့ သဘာဝအလှတရားတွေထဲမှာ မို့မောက်နေတဲ့ ရင်သားတွေရဲ့ အလှအပလည်း ပါနေပါတယ်။ ပုရိသတို့ရဲ့ အာရုံစိုက်မှု ခံရတဲ့ အမှတ်စဉ် နံပါတ်(၃)ပဲ ဖြစ်ပါတယ်။

နံပါတ်(၄) – ဆံပင်

နောက်ထပ် ထပ်ကြည့်တာကတော့ ဆံပင်ကိုပါ။ လှပတဲ့ ဆံကေသာလေးတွေ ကလည်း ယောက်ျားတို့ ရဲ့ အသည်းနှလုံးကို အပိုင်သိမ်းနိုင်တယ်နော်။

နံပါတ်(၅) – ကိုယ်အလေးချိန်

ကိုယ်အလေးချိန်ကိုတော့ အပေါ်က အဆင့် (၄)ဆင့်ကို ကြည့်ပြီးမှ ကြည့်တာပါ။ ဆိုလိုတာက မျက်လုံးလေးတွေ၊ အပြုံးလေးတွေ လှနေရင် မိန်းကလေးတို့ ဝတာပိန်တာက သိပ်တော့ အရေးမကြီးတော့ဘူးနော်။

မိန်းကလေးတွေရဲ့ ခြေထောက်လေးတွေကိုလည်း စိတ်ဝင်စားကြပါသေးတယ်

နံပါတ်(၆) – ခြေထောက်

ယောက်ျားလေးတွေက မိန်းကလေးတွေရဲ့ ခြေထောက်လေးတွေကိုလည်း စိတ်ဝင်စားကြပါသေးတယ်။ အထူးသဖြင့် ခြေထောက်တွေ၊ ခြေချောင်းတွေရဲ့ သန့်ရှင်းမှုကို ပိုအလေးပေး ကြည့်တယ်လို့လည်း ဆိုပါတယ်။

နံပါတ်(၇) – ကိုယ်နေဟန်ထား

ကိုယ်ပိုင် စတိုင်လို့ ပြောလို့ရတဲ့ ကိုယ်နေဟန်ထားကိုလည်း ယောက်ျားလေးတွေက စိတ်ဝင်စားလေ့ရှိကြပါတယ်။ ကိုယ်နေဟန်ထားထဲမှာ လမ်းလျှောက်ပုံ၊ ထိုင်ပုံ အစရှိတာတွေ ပါဝင်ပါတယ်။

နံပါတ်(၈) – တင်ပါး

ယောက်ျားတွေက မိန်းမတွေရဲ့ တင်ပါးကို စိတ်ဝင်တစားကြည့်လေ့ရှိတယ်လို့ လူတော်တော်များများက လက်ခံထားပေမယ့် တကယ့် စိတ်ဝင်တစားကြည့်မှုက နံပါတ်(၈) နေရာမှာပဲ ရှိပါတယ်။

အသားအရေရဲ့ နူးညံ့မှု၊ စိုပြေမှုတို့ကို စိတ်ဝင်စားပါတယ်
နံပါတ်(၉) – အသားအရေ

ပြီးရင်တော့ အသားအရေရဲ့ နူးညံ့မှု၊ စိုပြေမှုတို့ကို စိတ်ဝင်စားပါတယ်။
နံပါတ်(၁၀) – အရပ်အမြင့်

မိန်းကလေးတို့ရေ အရပ် မမြင့်လို့ အားမငယ်နဲ့နော်။ မိန်းကလေးတွေရဲ့ အရပ်အနိမ့်အမြင့်အပေါ် ယောက်ျားလေးတွေရဲ့ စိတ်ဝင်စားမှုက နောက်ဆုံးမှာပါ။

Credit: marry

Updates

Theme Editor by Seo v6