Skip to main content

လေယာဉ်ပေါ်မှာ သူစိမ်းရဲ့ကလေးကို နို့ချိုတိုက်ကျွေးခဲ့လို့ နာမည်ကြီးသွားတဲ့ လေယာဉ်မယ်

မိခင်စိတ်ဆိုတာ တစ်ခြားတစ်စိမ်းကလေးတွေအပေါ်မှာလည်း အနည်းနဲ့အများ သက်ရောက်နိုင်ပါတယ်။ မေတ္တာအား အလွန်ကြီးမားသူတွေဟာ သူစိမ်းကလေးကို ထိန်းပေးပါဆိုရင်တောင် ကြည်ကြည်ဖြူဖြူ လက်ခံကြလေ့ရှိကြပြီး၊ နို့ဆာနေရင်လည်း ကိုယ့်ရဲ့ကလေးလို့ စိတ်ထဲမှာ မှတ်ပြီး ကြင်နာစွာ နို့ချိုတိုက်ကျွေးနိုင်ကြပါတယ်။
အခုလည်း လေယာဉ်ပေါ်မှာ နို့ဆာလွန်းလို့ ငိုနေတဲ့ ကလေးကို လေယာဉ်မယ်တစ်ဦးက ကြင်နာစွာ နို့ချိုတိုက်ကျွေးခဲ့တဲ့ သတင်းဟာ သတင်းကွန်ရက်ပေါ်မှာ အတော်လေး စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဣန္ဒသြေိက္ခာအပြည့်နဲ့ လေယာဉ်မယ်လေးတွေဟာ အမြဲတမ်း ဒီလိုကြီး မနေနိုင်ကြပါဘူး။

ကလေးရဲ့မိခင်က နို့မထွက်တော့ လေယာဉ်မယ်လေးက သူ့မှာရှိတဲ့ နို့ချိုကို ဝေမျှပေးဖို့ မိခင်စိတ်က တိုက်တွန်းခဲ့တာပါ။ လေယာဉ်မယ်လေးရဲ့အမည်မှာ Partisha Organa ဖြစ်ပြီး အသက် (၂၄)နှစ် ဖြစ်ပါတယ်။ သူမက နို့အခက်အခဲရှိနေတဲ့ မိခင်ကို ကိုယ်ချင်းစာမိသလို၊ နို့ဆာလွန်းလို့ အော်ငိုနေတဲ့ ကလေးကိုလည်း သနားတာလည်း ပါပါတယ်။

Partisha ကိုယ်တိုင်ကလည်း ကလေးတစ်ယောက် မိခင်ဖြစ်လို့ ဒီအတွက် သူမကိုယ်လည်း အခြေအနေကို လျောလျောရှူရှူဖြစ်သွားစေပါတယ်။ သူမဟာ ကလေးကို ယုယစွာ ထွေးပွေ့ပြီး ကလေးကို ကြင်ကြင်နာနာ နို့တိုက်ကျွေးနေတဲ့ ဓာတ်ပုံကို လူမှုကွန်ရက်ပေါ်မှာ တင်လိုက်တဲ့အခါမှာတော့ လူသောင်းချီရဲ့ ကောင်းချီသြဘာကို ခံခဲ့ရပါတယ်။

Partisha က ” သူ့အမေက နို့ကုန်သွားပြီလေ … ဒီလိုအခြေအနေမှာ ကျွန်မဘာသာ တွေးမိတာက … ငါလုပ်ပေးနိုင်တာ ဒါလေးတော့ ရှိတယ်ဆိုတာပါဘဲ … ဒါကြောင့် ကျွန်မကိုယ်တိုင် လိုလိုချင်ချင် ကမ်းလှမ်းခဲ့တာပါ … “လို့ ရေးသားခဲ့ပါတယ်။ Partisha မှာလည်း ကိုးလအရွယ်ကို ရောက်နေပြီဖြစ်တဲ့ Jade အမည်ရ သမီးလေးကို ပိုင်ဆိုင်ထားပါတယ်။

လင်းဇော်ကို (MyanmarNote)

source : The Sun

Updates

Theme Editor by Seo v6