Skip to main content

DNA စစ်ဆေးချက်အရ အမေရိကန် စာပို့သမားဟောင်းတစ်ဦး ကလေး (၁၃၀၀) ကျော်၏ တရားမဝင်အဖေ ဖြစ်နေ

နယူးယောက်၊ နိုဝင်ဘာ(၁၉)

အမေရိကန် Tennessee ပြည်နယ်မိသားစုက ငှားရမ်းထားသည့် ပုဂ္ဂလိကစုံစမ်းစစ်ဆေးရေးမှူးတစ်ဦး၏ တုန်လှုပ်ဖွယ် ရှာဖွေတွေ့ရှိမှုအရ အသက် ၈၇ နှစ်အရွယ် စာပို့သမားဟောင်းတစ်ဦးမှာ ကလေး ၁၃၀၀ ကျော်၏ တရားဝင်မဟုတ်သော ဖခင်ဖြစ်သည်ဟု သက်သေပြလျက်ရှိသည်။ (DNA စစ်ဆေးချက်အရ မျိုးဗီဇတူညီမှု
ရာခိုင်နှုန်းအရ ကောက်ချက်ချမှုတွင် ကလေး ၁၃၀၀
ကျော်နှင့် တူညီနေမှု သက်သေပြနိုင်၍ တရားမဝင်ဖခင်
Biological Father အဖြစ် ဖော်ပြခြင်း ဖြစ်သည်)

၂၀၀၁ ခုနှစ်မှစ၍ ၁၅ နှစ်တာကာလအတွင်း DNA နမူနာများနှင့် သက်သေခံအချက်အလက် ထောင်ပေါင်းများ စုဆောင်းခဲ့ရသော အဆိုပါ စုံစမ်းစစ်ဆေးမှု နောက်ဆုံးရလဒ်တွင် စာပို့သမားမှာ ဒေသတွင်း သားသမီး ထောင်ပေါင်းများစွာတို့၏ တရားမဝင် ဖခင်ဖြစ်နေသည်ကို သက်သေပြခဲ့သည်။

” အဲ့ဒီခေတ်ကာလက သန္ဓတေားတာတွေက သိပ်လူသိ မများသေးဘူး။ ကျနော် ဒီကိစ္စ ရှက်စရာ ဘာမှမရှိဘူး။ အသက် ၆၀ ကျော် ကာလတုန်းက ကျနော့်ရဲ့ သာသာယာနေ့ရက်တွေပဲ။ ဒီလိုဖြစ်ရတဲ့အကြောင်းက စာပို့တဲ့အိမ်က အမျိုးသမီးတွေက အဲဒီအချိန်တုန်းက နာမည်ကျော်ရုပ်ရှင်မင်းသား၊ တေးရေးဆရာနဲ့အဆိုတော် ဂျွန်နီကက်ရှ် လို့အထင်မှားကြတယ်” ဟု စာပို့သမားဟောင်းက သူကိုယ်သူ ကာကွယ်သည့်အနေဖြင့် ဒေသခံသတင်းထောက်များကို ပြောကြားခဲ့သည်။ “တချို့တွေက ကျ နော့်ကို ဂျော်နီအစစ်လို့ ထင်နေတယ်” ဟု သူက ရီမောလျက် ပြန်ပြောပြသည်။

” သူတို့ တကယ်အဲဒီလိုယုံကြည်နေကြလား ဒါမှမဟုတ် သူတို့ကိုယ်သူတို့ သိမ်းသွင်းစည်းရုံးနေလားဆိုတာ ကျနော်မသိဘူး။ ဒါပေမဲ့ ကျနော်က ဒရောသောပါးလုပ်လိုက်တာတော့ မဟုတ်ဘူး” ဟု စာပို့သမားဟောင်းက ပြောကြားသည်။

စာရေးဆရာ အန်သိုနီ ကန်ဒေါက အလွတ်စုံထောက် ဆစ်ဒ်ရွိုင်းနှင့်အဖွဲ့ကို ငှားရမ်း၍ ၁၅ နှစ်ကြာ စုံစမ်းဖော်ထုတ်မှုများကို နောက်ထွက်မည့်စာအုပ်တွင် ဖော်ပြမည်ဖြစ်သည်ဟု ပြောကြားသည်။

အလွတ်စုံထောက်က ဖော်ပြပါဖြစ်ရပ်အတွက် တရားစွဲဆိုမည်မဟုတ်ကြောင်း ”ကျနော့်ရဲ့ အချိန်တွေ ၁၅ နှစ်ကျော် အကုန်ခံခဲ့ရတယ်။ ကလေးတွေက အခုအရေအတွက်ထက် အများကြီးပိုနိုင်တယ်။ ဘယ်လောက်ထိများမလဲ မပြောနိုင်ဘူး။ အခုလို အမှန်တရားကို သိတဲ့ လူတော်တော်များများက ဒီကိစ္စကို အချက်အလက်တွေ မထုတ်ပြန်စေလိုဘူး။ သူတို့ ထွက်ဆိုချက်တွေကိုလည်း အမည်မဖော်လိုပဲ ပေးခဲ့တယ်။ လူတွေက ဒီဖြစ်ရပ်ကို သိလို့ ဝမ်းသာနေပေမဲ့ အဲဒီ စာပို့သမား အဘိုးအိုကို တစ်ခုခု တရားစွဲတာ မလုပ်ချင်ကြဘူး” ဟု ပြောကြားသည်။

By – KSM/MUNA
Ref ; World News Daily Report


Updates

Theme Editor by Seo v6