Skip to main content

လက်ချောင်း(၁၅)ချောင်း၊ ခြေချောင်း(၁၆)ချောင်းနဲ့ မွေးလာတဲ့တရုတ်ကလေးငယ်

တရုတ်နိုင်ငံမှာ သူများနဲ့မတူ တမူထူးခြားစွာ မွေးဖွားလာတဲ့ ကလေးငယ်လေးတစ်ယောက် ရှိခဲ့ပါတယ်။ အဲဒီကလေးလေးမှာ လက်ချောင်းက (15) ချောင်း ဖြစ်နေပြီး၊ ခြေချောင်းကတော့ (16) ချောင်း ပါဝင်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လူကောင်းပကတိလို လမ်းလမ်းလျှောက်နိုင်ဖို့အတွက် ခြေထောက်ပိုင်း ခွဲစိတ်မှု ခံယူဖို့ လိုနေပါတယ်။
အခုအချိန်မှာ အဆိုပါ ကလေးငယ်ဟာ ရှစ်လအရွယ်ကို ရောက်နေပြီုဖစ်ပြီး Hong Hong လို့ အမည်ရပါတယ်။ တရုတ်နိုင်ငံ Zhongping ဆိုတဲ့ ရွာကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မွေးရာပါ Polydactyly ရောဂါကို ခံစားခဲ့ရတာကြောင့် ဒီလို ခြေချောင်း လက်ချောင်း အပိုတွေ အများကြီး ပေါက်လာခဲ့တာလို့ ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။
အထူးသဖြင့် ခြေချောင်းအပိုတွေဟာ သူ လမ်းလျှောက်တဲ့အခါမှာ အနှောက်အယှက် ဖြစ်စေလိမ့်မယ်လို့ ဆရာဝန်တွေက သိရှိခဲ့ကြပြီး၊ လောလောဆယ် လမ်းမလျှောက်နိုင်ခင်မှာ Hong Hong ကို ခွဲစိတ်ဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။ ၎င်းဟာ ပြင်းထန်တဲ့ ခွဲစိတ်မှုကို အသက်(16)နှစ် မတိုင်ခင်မှာ ခံယူရဖို့ ရှိပြီး၊ အကောင်းဆုံးကတော့ လမ်းမလျှောက်တတ်သေးခင်မှာ စောစော ကြိုပြီး ခွဲစိတ်ထားသင့်တယ်လို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။
တကယ်တော့ Hong ရဲ့ အမေမှာလည်း ခြေချောင်း လက်ချောင်းတွေ အပိုပါဝင်ခဲ့ပြီး၊ ဒါဟာ မျိုးရိုးလိုက်စေတဲ့ ရောဂါတစ်ခုလို့လည်း ဆရာဝန်တွေက ဆိုပါတယ်။ ခွဲစိတ်မှုထဲမှာ အရိုးအဆစ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ၊ ကြွက်သားဖွဲ့စည်းပုံ နေရာမကျမှုတွေ ပြုပြင်ဖို့ လိုအပ်ပြီး၊ ပထမဆုံး ပြောင်းလဲမှုအဆင့် ခွဲစိတ်မှုကတော့ အောင်မြင်ပြီးပြီလို့ သိရပါတယ်။

ခွဲစိတ်မှုဟာ အနည်းဆုံး သုံးကြိမ် လုပ်ရဖွယ် ရှိတယ်လို့လည်း ဆရာဝန်တွေက ဆိုပါတယ်။ ပထမဦးဆုံး လမ်းမလျှောက်ခင် အချိန်မှာ ခွဲစိတ်မှု ခံယူရမှာဖြစ်ပြီး၊ ဒုတိယ ခွဲစိတ်မှုအဖြစ် Hong ကျောင်းနေစအရွယ်မှာ ပြန်စမှာဖြစ်ပြီး၊ တတိယ အနေနဲ့တော့ Hong ရဲ့အသက် 16 နှစ်အရွယ်မှာ ခွဲစိတ်ရမှာလို့ သိရပါတယ်။

TheXB

Updates

Theme Editor by Seo v6