Skip to main content

အကယ်ဒမီဆုရွေးချယ်ရေးအဖွဲ့သို့ လူငယ်များကို ဖိတ်ခေါ်သော်လည်း မလုပ်နိုင်ဟု ဦးဇင်ဝိုင်းပြော

ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်း (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))
 အကယ်ဒမီဆုရွေးချယ် ရေးအဖွဲ့သို့ လူငယ်များကို ဖိတ် ခေါ်ခဲ့သော်လည်း မလုပ်နိုင်ကြ ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြား သည်။
ယခုနှစ်တွင် ကျင်းပသည့် ၂၀၁၈ အကယ်ဒမီပေးပွဲအတွက် ‘အကယ်ဒမီအကဲဖြတ်အဖွဲ့’ ဖွဲ့စည်းရန် ကနဦးကတည်းက လူကြီး၊ လူငယ်မရွေး ဖိတ်ကြားပြီး ပါဝင်စေချင်ခဲ့ကြောင်း ဦးဇင်ဝိုင်း က မတ်လ ၂၄ ရက် ည အကယ်ဒမီဂုဏ်ပြုညစာစားပွဲတွင် ပြော ကြားခဲ့သည်။

ဆုရွေးချယ်ရေးအဖွဲ့ဝင်များ သည် အကယ်ဒမီပေးမည့် ဇာတ် ကားများကို ရက်ပေါင်း ၁၀၀ အတွင်း ကြည့်ရှုရသည်။ ထို့အတွက်လည်း ငွေကြေးရရှိခြင်းမရှိပေ။

‘‘လူငယ်များကို အထူးသဖြင့် ဖိတ်ကြားပါတယ်။ ဖိတ်ကြားတဲ့အခါမှာ လူငယ်များက မလုပ်နိုင်ကြပါဘူး။ လူငယ်များက လက်ရှိအခြေအနေမှာ အလုပ် လုပ်နေတဲ့သူများ ဖြစ်ပါတယ်။ ဒါ ရက်ပေါင်း ၁၀၀ ကြည့်ရှုရတဲ့ တာဝန်ကြီးဖြစ်ပါတယ်။ အခမဲ့ ကြည့်ရှုကြရတာပါ’’ဟု ၎င်းက ပြောသည်။

 ယခု အကယ်ဒမီပေးပွဲကို ဝေဖန်နေသည့် ရုပ်ရှင်လောက သားတစ်ဦးကိုယ်တိုင်ပင် ဆုရွေး ချယ်ရေးအဖွဲ့၌ ပါဝင်လာပြီးမှ အချိန်မှန်မကြည့်နိုင်သည့် ဒုက္ခရှိခဲ့ကြောင်း ဦးဇင်ဝိုင်းကပြောသည်။

 လက်ရှိ အကယ်ဒမီပေးပွဲ တွင် ပေးခဲ့သည့် ဆုများသည် ပရိသတ်ခန့်မှန်းသော ဆုများနှင့် လွဲ ချော်မှုရှိပြီး ဘုတ်အဖွဲ့ဝင်များ၏ လူဟောင်း၊ စနစ်ဟောင်းများကြောင့်ဟု ဝေဖန်မှုများရှိခဲ့သည်။


သို့သော် ဦးဇင်ဝိုင်းက ‘‘ဒီလို မျိုး Generation Gap ကြောင့်လို့ ပြောလို့မရပါဘူး။ ဒီထဲမှာ (ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ) ခေတ်နဲ့အမီ သိနေတဲ့ လူကြီးတွေ အများကြီးရှိပါတယ်’’ဟု ၎င်းကဆိုသည်။

Updates

Theme Editor by Seo v6