Skip to main content

ဆိုင်မှာ ခေါင်းလျှော်ရင်း အနှိပ်ခံ လိုက် တာ ဆေးရုံပါ တစ် ခါ တည်း တင် လိုက်ရတဲ့ အမျိုးသား

ဘယ်နိုင်ငံက saloon တွေမှာ မဆို ခေါင်းလျှော်တဲ့ service အပြင် ဇာတ်ကြော ၊ ဂုတ် ၊ ကျောဘက်နဲ့ လက်တွေ ကို ပါ တစ်ခါတည်း နှိပ်ပေးတဲ့ အကြမ်းဖျင်း massage ဝန်ဆောင်မှုပါပေးလေ့ ရှိပါတယ်။ ဆိုင်မှာ ခေါင်းသွားလျှော်တယ် ဆိုကတည်းက ဇိမ်ခံချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားလျှော်ကြတာများပါတယ်။ တကယ်လည်း ကိုယ့်ဆံပင်ကို တခြားလူတစ်ယောက်က လျှော်ပေးပြီး နှိပ်နယ် ပေးတာ ဘယ်သူမကကြိုက်ဘဲ နေပါ့မလဲနော်။

မ လေးရှားမှ အမျိုးသားတစ်ယောက် က တော့ ဆံပင်ညှပ်ရင်း လျှော်နှိပ်ဝန်ဆောင်မှုယူပြီး ဇိမ်ခံ လိုက်တာ တစ်ခါ တည်း ဆေးရုံ တင် ခဲ့ ရ ပါ တယ် ။

ဘယ်လောက်ပဲ ကျွမ်းကျင်သူ ဖြစ်ဖြစ် နှိပ်တဲ့ အခါ တခြားနေရာတွေက သိပ် ကိစ္စ မ ရှိ ပေ မယ့် ဇတ်ချိုး ခိုင်း တာ ကို တော့ သတိထားကို ထားရမှာပါ။ ဇတ်ကို တဂျွတ် ဂျွတ် မြည်အောင် ချိုးလိုက်ပြီးရင် အရမ်း နေလို့ကောင်းတာ မှန် ပေ မယ့် နေလို့ ကောင်းတာရဲ့ နောက်ကွယ်မှာလည်း မမြင်နိုင်တဲ့ အန္တရာယ်စောင့်ကြိုနေပါတယ်။

အသက် ၅၄ နှစ်အရွယ် Ajay Kumar ဟာ အရင်တုန်းကလည်း ဆံပင်ညှပ်ရင်း ဇတ်ချိုးပြီး နှိပ်နယ်တာတွေ ခံဖူးသူ တစ်ယောက်ပါ ။ ဒါကြောင့်မို့လည်း အဲဒီ တစ်ခေါက်က ဇတ်အချိုးခံဖို့ အတွက် လူတွေ တန်းစီပြီးတောင် စောင့်ခဲ့ရတာပါ။

သူ့အလှည့်အ ရောက်မှာ ပုံမှန်ပဲ နှိပ်နယ်ရင်း ရုတ်တရက်ဇတ်ချိုးလိုက်တဲ့အချိန် မသိသာခဲ့ပေမယ့် ဆံပင်ညှပ်ဆိုင်ထဲ က နေ ပြန်အထွက် လာမှာတော့ အသက်ရှူ ရ ခက် တဲ့ ခံစားမှုမျိုး စတင် ခံစားလာခဲ့ရပါတယ်။ နောက်ပိုင်း လုံးဝ ရှူလို့ အဆင်မ ပြေ တော့တာကြောင့် ဆေးရုံကို ပြေးခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။

ဆေးရုံ တင် လိုက် ရပြီး နောက်မှာ တော့ Ajay ရဲ့ အာရုံကြော အ မြှေးပါး တစ် ချို့ စုတ်ပြဲ သွား ခဲ့ တဲ့ အ တွက် အာရုံ ကြာတွေ ရဲ့လုပ်ဆောင်ချက်ကို ထိန်းချုပ်ဖို့ အတွက် ခက်ခဲ သွားခဲ့တာပါ။ အဲဒီ အာရုံကြောတွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုစနစ်ကို ဖြစ်ပေါ် စေတဲ့ ကြွက်သားတွေကို တစ်ဆင့် ထိန်းချုပ်ထားတာဖြစ်တဲ့အတွက် အသက်ရှူဖို့ခက်ခဲသွားရတာပါ။

Ajay ကို တာဝန်ယူ ကုသ ပေးနေတဲ့ နယူးဒေလီ၊ Medantaမှ Respiratory and Sleep Medicine ဆိုတဲ့ ကျောင်းမှ ဒါရိုက်တာ ဆရာဝန် Dr. Anand Jaiswal က တော့ Ajay ရဲ့အဖြစ်အပျက်ကို အတုယူပြီး ဇတ်ချိုးလိုက်လို့ နေလို့ ကောင်းသွားတယ်ဆိုတိုင်း ရမ်းသမ်းမလုပ်သင့်ကြောင်း ပြောခဲ့ပါတယ်။ Ajay ကတော့ အသက်ရှူရတာအမြဲတမ်းလို့ ခက်ခဲမှာမို့ အခုအချိန်အထိ အ ထောက်အကူပစ္စည်းတွေနဲ့ နေ နေ ရတယ်လို့ပြောပါတယ်။ အနှိပ်ခံပြီး ဇတ်ချိုးလိုက်တာကြောင့်လည်း Ajay ရဲ့ ကြွက်သားတွေနဲ့ နဗ့်ကြောတွေအပြင် တစ်ရှူးတွေနဲ့ အရိုးတွေပါ ယောင်ယမ်းသွားခဲ့တာပါ။း

Credit : Elite Readers, World of Buzz

Updates

Theme Editor by Seo v6