Skip to main content

အပူလွန်ရာသီဥတုဖြစ်စဉ် အယ်လ်နီညို တကျော့ပြန်လာပြီဟု ဦးထွန်းလွင် သတိပေးပြီ

တစ်ကျော့ ပြန်ပြီး ဦးမော့လာပြန်တဲ့ အယ်လ်နီညို…မူယာ မာ ယာ တွေ ပို လွန်းတယ်…၂၅-၃-၂၀၁၉…ည(၈း၁၄)နာရီ။

(၆-၁၀-၂၀၁၈)ရက်နေ့ ကတည်းက တရားဝင် စတင်ဖြစ်ပေါ်လာခဲ့တဲ့ ပစိဖိတ်သမုဒ္ဒယာထဲက အယ်လ်နီညိုဖြစ်စဉ်ဟာ (၂၄-၁၂-၂၀၁၈)ရက်နေ့မှာ အင်အားအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၉ ခုနှစ်အတွင်း ၀င်ရောက်လာ ကတည်းက အယ်လ်နီညိုရဲ့အင်အားဟာ တစ်စထက်တစ်စ လျော့နည်းကျဆင်းလာခဲ့ပါတယ်။

(၁၁-၂-၂၀၁၉)ရက်နေ့ မှာတော့ အယ်လ်နီညိုစောင့်ကြည့်သတ်မှတ်ဧရိယာ(၄)ခုအနက် (၁)ခုမှာသာ အယ်လ်နီညိုသတ်မှတ်ချက်နဲ့ကိုက်ညီ တေပြီး၊ ကျန်(၃)ခုမှာ

အယ်လ်နီညိုသတ်မှတ်ချက်မကိုက်ညီတော့တာကြောင့် အယ်လ်နီညိုဖြစ်စဉ်ဟာ ၂၀၁၉ ခု၊ နွေဦးရာသီအထိသာရှိနိုင်ပြီး သေချာမှု ၆၅% ရှိပါတယ်လို့ထုတ်ပြန်ခန့်မှန်းခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၉ ခုနှစ်၊ မတ်လဆန်းကစပြီး အယ်လ်နီညိုအင်ားဟာ ပြန်လည် အားကောင်းလာခဲ့ပြန်ပါတယ်။ (၁၈-၃-၂၀၁၉)ရက်နေ့ထုတ်ပြန်ချက်မှာတော့ အယ်လ်နီညိုစောင့်ကြည့်ဧရိယာ(၄)ခလုံး အယ်လ်နီညိုသတ်မှတ်ချက်များနဲ့

ပြန်လည်ကိုက်ညီလာတဲ့အပြင်၊ ၂၀၁၉ ခုနှစ် နွေဦးရာသီအကုန်အထိ အယ်လ်နီညိုဖြစ်ဖို့သေချာမှု ၈၀%၊ နွေရာသီ အကုန်အထိ အယ်လ်နီညိုဖြစ်ဖို့ ၆၀%၊ ဆောင်းရာသီအကုန်အထိ အယ်လ်နီညိုဆက်လက်ဖြစ်နေဖို့သေချာမှု ၅၀% ရှိနေကြာင်း

ခန့်မှန်းထုတ်ပြန်ထားဒပါတယ်။
အဲဒါကြောင့် ၂၀၁၉ ခုနှစ်ရဲ့လာမယ့်ကာလ တွေမှာ အယ်လ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်လို့ တိတိကျကျပြောဖို့ မသေချာ တော့တာကိုတွေ့ နေရပါတယ်။

သေချာတာက တော့ အယ်လ်နီညိုဟာ ဒီနှစ် ၂၀၁၉ ခုနှစ် အ တွင်းမှာတော့ စောင့်ကြည့်ဖို့လိုနေဆဲဖြစ်ကြောင်းပါဗျာ။

Credit – ဒေါက်တာထွန်းလွင်

Updates

Theme Editor by Seo v6