Skip to main content

မြန်မာ့လက်ဝှေ့ချန်ပီယံဘွဲ့တွေကို စွန့်လွှတ်တော့မယ့် Dave(ဒေဝ)

မြန်မာ့ရိုးရာလက်ဝှေ့မှာ ရှုံးပွဲမရှိ ချန်ပီယံဆုတွေကို ပိုင်ဆိုင်ထားတဲ့ ကနေဒါနိုင်ငံသား ဒေ့ဗ် ကတော့ သူရရှိခဲ့တဲ့ ချန်ပီယံခါးပတ် ၃ ခုကို စွန့်လွှတ်လိုက်ပါပြီ။ သူဟာ အခုလို ထိပ်တန်းချန်ပီယံဖြစ်ဖို့ သွေး၊ ချွေးနဲ့ မျက်ရည်တွေကို ရင်းခဲ့ရတယ်လို့ မတ်၂၅ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Dave (ဒေဝ)က “ကျွန်တော့်ခရီးစဉ်တိုင်း မြန်မာအလံကို ဝှေ့ယမ်းခဲ့ပါတယ် အခုဆို မြန်မာ့လက်ဝှေ့ကို ကမ္ဘာတစ်ဝှမ်းမှာ သင်ကြားပေးနေတာကို သိနိုင်ပြီ ဖြစ်လို့ ကျွန်တော်တို့ အများကြီး ဂုဏ်ယူနိုင်ပါပြီ။

အခု ကျွန်တော်ရထားတဲ့ လက်ဝှေ့ချန်ပီယံဘွဲ့တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးခံရပါတယ်။

မြန်မာ့လက်ဝှေ့ချန်ပီယံအဖြစ် တခြားပြိုင်ပွဲတွေမှာ ကျွန်တော်ရထားတဲ့ ချန်ပီယံဘွဲ့သုံးခုကတော့ နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်ဂျပန်(ILFG)ရဲ့အလွတ်တန်းချန်ပီယံ Air KBZ အောင်လံအလွတ်တန်းချန်ပီယံနဲ့ MLWC အလွတ်တန်းချန်ပီယံဘွဲ့တွေဖြစ်ပါတယ်။

ဦးစိုးမင်း၊ မစ္စတာယိုရှီယူကီနာကာမူရာ၊ ဦးဝဏ္ဏတို့ရဲ့ ပွဲတွေထိုးသတ်ခွင့်ရခဲ့တာကို ဂုဏ်ယူပါတယ်။ သူတို့ပြိုင်ပွဲတွေမှာ ပါဝင်ခွင့်ရခဲ့လို့ ကျေးဇူးအရမ်းတင်သလို ကျွန်တော့်ကိုလည်းသူတို့က ခင်ခင်မင်မင်ဆက်ဆံခဲ့ကြပါတယ်။ အဲ့တာကြောင့် ဒီပုဂ္ဂိုလ်တွေကိုလေးစားပေးကြပါလို့ ပရိသတ်တွေကို တောင်းဆိုချင်ပါတယ်။

ဒီချန်ပီယံဘွဲ့တွေကို တစ်ပြိုင်တည်းရယူနိုင်ခဲ့တာက ကျွန်တော့်အတွက် ဂုဏ်တက်စရာပါ။ လက်ဝှေ့မှာ ထိပ်တန်းရောက်ဖို့ သွေးတွေချွေးတွေမျက်ရည်တွေ ကျွန်တော်စတေးခဲ့တယိ။ ဒီချန်ပီယံဘွဲ့တွေကတော့ ကျွန်တော့်အတွက် ဆုလာဘ်တွေပါ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ နောကိထပ်ပစ်မှတ်က WLC ခါးပတ်ပါ။
ကျွန်တော်က ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က WLC နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ အရည်သွေးမြင့်တဲ့ပွဲတွေ စိတ်လှုပ်ရှားစရာပွဲစဉ်တွေ သူတို့တင်ဆက်တာနဲ့ Canal+ UFC Fight pass တိုနဲ့ ပူးပေါင်းပြီး လက်ဝှေ့ကို ကမ္ဘာက သိအောင်လုပ်နေတာ ကျွန်တော်သဘောကျတယ်။
ဒီတော့ ကျွန်တေိာ့ လက်ဝှေ့ရဲ့ တခြားချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီဘွဲ့တွေဖြုတ်လို့ဖို့ ကျွန်တော် ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ပါတယ်။ MLWC ချန်ပီယံ၊ နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်ဂျပန် ချန်ပီယံ၊ Air KBZ အောင်လံ ချန်ပီယံနေရာတွေက အခုဆိုရင် လစ်လပ်သွားပါပြီ။
လက်ဝှေ့လောကကို တိုးတက်စေချင်တယ် အဲဒီချန်ပီယံဘွဲ့တွေကို လက်ဝှေ့သမားတွေ ပိုင်ဆိုင်ခွင့်ရစေချင်တယ်။ အရည်အသွေးမြင့်တဲ့ မြန်မာ့လက်ဝှေ့သမားတွေက လာမယ့်နှစ်တွေမှာ မြန်မာပြည်ချန်ပီယံဘွဲ့တွေအတွက် ယှဉ်ပြိုင်နိုင်ကြမယ်လို့ ထင်ပါတယ်။
ကျွန်တော်က လက်ဝှေ့ချန်ပီယံအဖြစ်နဲ့ ရှုံးပွဲမရှိထားတော့ WLC က ကျွန်တော့်အတွက် စီစဉ်ပေးမယ့် ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အမြဲလက်ခံသွားမှာပါ။ ကျွန်တော့်ကို စိန်ခေါ်ချင်တဲ့သူရှိရင် WLC နဲ့ဆွေးနွေးလို့ရပါတယ်။
ကျွန်တော်ကြိုးစားသမျှတွေကို အားပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ချန်ပီယံအဖြစ်နဲ့ နွေးနွေးထွေးထွေးကြိုဆိုပေးခဲ့တဲ့ မြန်မာနိုင်ငံကို ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

TheXB

Updates

Theme Editor by Seo v6