တကယ့်ပင်ကိုယ်ရေး မာစတာပိစ်ဝတ္ထုကောင်းတစ်အုပ်ဆိုတဲ့ ချီးကျူးသံတွေဝင်လာမစဲတသဲသဲဖြစ်နေတဲ့ အရှေ့တံခါးအဝင်ဆိုတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။
အဲဒီ ဝတ္ထုကို ရုပ်ရှင်စရိုက်ကတည်းက ရုံတင်ပြီးအကယ်ဒမီရတဲ့အချိန်အထိ ဝေဖန်တိုက်ခိုက်မှုတွေများပြားခဲ့သလို အကယ်ဒမီရပြီးချိန်မှာ ပိုပြီးဝေဖန်မှုတွေကိုအလူးအလဲခံလာရတာဖြစ်ပါတယ်။
ရွှေကြာကို နာမည်အဓိပ္ပါယ်ချင်းဆင်တူတဲ့ The Golden Lotus ဆိုတဲ့ တရုတ်ကားကို ခိုးချတယ်ဆိုပြီး ဘုမသိဘမသိစွပ်စွဲနေကြတဲ့လူတွေကများပြားပြီး
လွန်ခဲ့တဲ့နှစ်ပေါင်းဆယ်နှစ်လောက်က ရုပ်ရှင်တစ်ကားကို ကျောရိုးမှီငြမ်းတယ်လဆိုတဲ့ ဝေဖန်မှုတွေကလည်း တစ်စထက်တစ်စကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။ ပုညခင်ကတော့
သိပ်မကြာသေးခင်ကမှ သူမရဲ့ လူမှုကွန်ယက်ကနေ ရွှေကြာဟာ ကော်ပီမဟုတ်ကြောင်းဖြေရှင်းလာခဲ့ပါတယ်။
ပုညခင်က ရွှေကြာလို့နာမည်ပေးထားတဲ့ ကောင်မလေးဟာ အပြင်မှာတကယ်ရှိကြောင်းနဲ့ ရွှေကြာရဲ့နာမည်ဖြစ်ပေါ်လာပုံကို “ရွှေကြာအဖြစ်ဖန်တီးခဲ့တဲ့ မီးပူကပ်ခံထားရတဲ့
အမာရွတ်ကြီးနဲ့မိန်းကလေးဟာ အခုထိသက်ရှိထင်ရှားရှိပါတယ်။ စားဝတ်နေရေးအခက်အခဲဖြစ်ရရှာတဲ့ ဘဝမလုံခြုံရှာတဲ့ မိန်းကလေးတွေ ဒီလိုလမ်းကိုမလိုက်မိကြဖို့ ဒီဘဝရဲ့လူဖြစ်ရှုံးရပုံကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။
မဆီမဆိုင်တာတွေကိုဇွတ်အတင်းဆွဲစိတိုက်ခိုက်နေကြတာကတော့ ရုပ်ရှင်ရုံတင်ကတည်းကဖြစ်ပါတယ်။ တတ်နိုင်သမျှသည်းခံခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်နေရင် အမှန်ကိုမသိပဲ ပူလောင်နေကြမှာစိုးတာမို့ အခုလိုပြောပြရခြင်းဖြစ်ပါတယ်။ ကလေးဘဝကတည်းက ဘာခိုင်းခိုင်းကြာတတ်လို့ရွှေကြာလို့နာမည်ပေးထားတာပါ၊ကြာပန်းနဲ့ဘာမှမဆိုင်ပါဘူး”လို့ ရေးသားဖော်ပြထားပါတယ်။
ဒါ့အပြင်ရွှေကြာဝတ္ထုကို ကိုယ်တိုင်အားစိုက်ကြိုးစားရေးသားထားတာဖြစ်ကြောင်းကိုလည်း “ဝတ္ထုဟာ ကျွန်မကိုယ်တိုင် အလွှာအသီးသီးက ပြည့်တန်ဆာတွေကို တွေ့ဆုံမေးမြန်းပြီး သူတို့ဘဝတွေကိုလေ့လာရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်”လို့ရေးထားပါတယ်။ ဒါပေမယ့် အခုတော့ လူတွေရဲ့တိုက်ခိုက်မှုကြောင့် ရွှေကြာဟာ ကမ္ဘာ့အလည်မှာ အရှက်ရစရာဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့ရပါတယ်။အဲဒါကတော့ တရုတ်ကား The Golden Lotus ရဲ့ Wikipedia page မှာ အချို့သူတွေက သွားပြီး ဒါရိုက်တာဝိုင်းက ခိုးချပြီး ရွှေကြာဆိုတဲ့နာမည်နဲ့ရုပ်ရှင်ရိုက်ထားပါတယ်လို့ ပြင်ဆင်ရေးသားခဲ့ကြလို့ပါ။
Wikipedia ဆိုတာဟာ တစ်ကမ္ဘာလုံးက အားထားရတဲ့ source website ကြီးဖြစ်တာကြောင့် ဒီဖြစ်ရပ်ကိုအခုဆိုရင် တစ်ကမ္ဘာလုံးက မြင်သွားကြပြီဖြစ်ပြီး ရွှေကြာကတော့ မျက်နှာနာခဲ့ပြီလို့ပြောရမှာပါ။ တကယ်တော့ ရွှေကြာနဲ့ The Golden Lotus က နာမည်ချင်းသာတူတာဖြစ်ပြီး ဇာတ်ကြောင်းချင်း ဇာတ်အိမ်ချင်းလွဲတယ်လို့သိရပါတယ်။ တကယ်တမ်းခိုးတာမဟုတ်ဘူးလို့ဖြေရှင်းထားပေမယ့် ခေါင်းမာမာနဲ့ဆက်လက်စွပ်စွဲနေတဲ့သူတွေကလည်း ရှိနေဆဲပါပဲ။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရွှေကြာဟာ အခြားတစ်ခုခုကို ခိုးယူဖွဲ့နွဲ့ထားတယ်လို့ထင်ကြလား။ ဒါမှမဟုတ် ပုညခင်ကိုယ်တိုင်အာမခံထားသလို တကယ်ပဲ ပင်ကိုယ်ရေးဒေါင်ဒေါင်မြည်စာအုပ်ကောင်းတစ်အုပ်လား။ ရွှေကြာကို စာအုပ်အဖြစ်နဲ့ရုပ်ရှင်အဖြစ်ဘယ်ဟာပိုကြိုက်ကြလဲ။ ရွှေကြာဇာတ်ကားကပဲ အကယ်ဒမီတွေကိုဆွတ်ခူးသွားတာကိုရော ကျေနပ်ကြရဲ့လား။ပြောခဲ့ကြပါဦး။
Can’t Wait To Say